လိုက်ဇစ်က သေချာပေါက်နိုင်မယ်လို့တောင် ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက နာဂယ်စမန်းရဲ့ လိုက်ဇစ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက််နိုင်ခဲ့ပြီး ဒီရာသီ ပြိုင်ပွဲစုံ ၇ပွဲဆက်တိုက်လညး် ရှုံးပွဲမရှိအောင်ကစားထားပြီးဖြစ်ပါတယ်။


ဂျာမနီကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ လိုသာမာသီးယပ်စ်က ယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ လိုက်ဇစ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဂျာမန်ကလပ်အနေနဲ့ ယူနိုက်တက်ကို ကြောက်လန့်နေစရာ ဘာအကြောင်းရင်းမှမရှိဘူးလို့လည်း သူကဆိုခဲ့ပြီး ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်လိမ့်မယ်လို့ မာသီးယပ်စ်က ယုံကြည်နေပါတယ်။ 



ပြီးခဲ့တဲ့ရာသီက နာဂယ်စမန်းရဲ့ လိုက်ဇစ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက််နိုင်ခဲ့ပြီး ဒီရာသီ ပြိုင်ပွဲစုံ ၇ပွဲဆက်တိုက်လညး် ရှုံးပွဲမရှိအောင်ကစားထားပြီးဖြစ်ပါတယ်။ ဘွန်ဒက်လီဂါမှာ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ယူနိုက်တက်ကတော့ ရာသီအစ ရလဒ်တွေကမောက်ကမဖြစ်နေခဲ့ပြီး ချန်ပီယံလိဂ်မှာတော့ ပီအက်စ်ဂျီလိုအသင်းကို အနိုင်ရရှိထားခဲ့ပါတယ်။ 

"ဂျူလီယန်နာဂယ်စမန်း နဲ့ လိုက်ဇစ်အတွက် နောက်ထပ်မှတ်ကျောက်တင်မယ့်ပွဲက မန်ချက်စတာယူနိုက်တက်နဲ့ပွဲပါ၊ ဘွန်ဒက်လီဂါမှာ ဦးဆောင်နေတဲ့ ဒီအသင်းက ပြီးခဲ့တဲ့ရာသီမှာ အသင်းကိုကောင်းကောင်းတည်ဆောက်နိုင်ခဲ့ပြီး ပိုရင့်ကျက်လာတယ်၊ ပိုပြီးတိုးတက်လာပါတယ်၊ ပက်ထရစ်ရှရစ်၊ ၀ါနာ နဲ့ ပေါလ်ဆင်တို့ထွက်သွားပြီးနောက် ဒုတိယမြောက်မျိုးဆက်နဲ့ ကြုံတွေ့နေတာပါ"

"ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်အောင်ပြုလုပ်နိုင်ခဲ့တဲ့ ဘယ်အသင်းမဆို ယူနို်က်တက်နဲ့ ရင်ဆိုင်ဖို့ ကြောက်လန့်နေစရာလိုမှာမဟုတ်ပါဘူး၊ နာမည်ဘယ်လောက်ပဲကြီးကြီး ယူနိုက်တက်က လိုက်ဇစ်ကို ခြိမ်းခြောက်နိုင်မှာမဟုတ်ပါဘူး၊ ပရီးမီးယားလိဂ်ကိုကြည့်ရင် သူတို့က ငါးပွဲကစားပြီး အဆင့် ၁၅ နေရာမှာပါ၊ ၇ မှတ်ပဲရထားပြီး ကိုးဂိုးပဲသွင်း၊ ၁၂ ဂိုးပြန်ပေးထားရလို့ ရာသီအစက နိမ့်ကျနေပါတယ်" လို့ မာသီးယပ်စ်က Sky Sports မှာ ရေးသားပြောဆိုခဲ့ပါတယ်။ 

"ဒါကြောင့် သေချာပေါက် လိုက်ဇစ် အနိုင်ရမှာပါ၊ ဂလာဘတ်က ရီးရဲလ်ကို အနိုင်ယူသွားသလိုမျိုး အနိုင်ယူပါလိမ့်မယ်" လို့ သူက ထပ်မံရေးသားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ လိုက်ဇစ်တို့ကတော့ မနက်ဖြန်မှာ (ကြာသပတေးနေ့နံနက်ပိိုင်း) ကစားသွားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က