ယနေ့ညမှာ ဘိုအာ့စ်ရဲ့ မာဆေးလ်က မန်စီးတီးနဲ့ ကစားရဖို့ ရှိနေပါတယ်။

မန်စီးတီးအသင်း အကောင်းဆုံး ပုံစံ မဟုတ်သေးတာတောင် မာဆေးလ်က မန်စီးတီးရဲ့ ပြိုင်ဖက် မဖြစ်နိုင်သေး ဘူးလို့ ဘိုအာ့စ်က ဆိုပေမယ့်လည်း ယနေ့တွေ့မယ့်ပွဲကတော့ စမ်းသပ်ခံမယ့်ပွဲတော့လည်း မဟုတ်ဘူးလို့ ဆိုလာ ပါသေးတယ်။

နည်းပြဘိုအာ့စ် တာဝန်ယူ ကိုင်တွယ်နေတဲ့ မာဆေးလ်အသင်းဟာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် အဖြစ် ယနေ့ည မြန်မာစံတော်ချိန် ကြာသပတေးနံက် ၂နာရီခွဲမှာ ယှဥ်ပြိုင်ကစားရမှာပါ။



မာဆေးလ်က အိမ်ကွင်း လက်ခံ ကစားရမှာ ဖြစ်ပေမယ့်လည်း ကိုဗစ် စည်းမျဥ်းကြောင့် ကွင်းပိတ် ကစားရမှာ ဖြစ်လို့ အိမ်ကွင်းအာသာချက်တော့ ယခုနှစ်ပြိုင်ပွဲမှာ မည်သည့်အသင်းမှ မရရှိထားကြပေ။

“မန်စီးတီးအသင်းက နိုင်ပွဲအတွက် အဆင်သင့်ရှိနေတဲ့ စက်ပစ္စည်းလိုပါပဲ၊အခုချိန်က သူတို့အတွက် အကောင်းဆုံး အဆင့်မဟုတ်နိုင်သေးဘူးလို့တော့ သူတို့ နည်းပြက ဝန်ခံထားပေမယ့် ကျွန်တော်ကတော့ သူတို့ရဲ့ အကောင်းဆုံး ပုံစံမဟုတ်သေးတာကိုက ကျွန်တော်တို့ထက် မြင့်နေသေးတယ်လို့ပဲ ဝန်ခံရမှာပါ။”လို့ မာဆေးလ်နည်းပြ ဘိုအာ့စ် ကပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောလာပါတယ်။

မန်စီးတီးကတော့ ချန်ပီယံလိဂ် ဆုဖလားကို အသင်းသမိုင်းတစ်လျှောက် တစ်ကြိမ်မျှ ဆွတ်ခူးဖူးခြင်း မရှိသလို ဗိုလ်လုပွဲလည်း မရောက်ဖူးပါဘူး။

နည်းပြ ဂွါဒီယိုလာလက်ထက်မှာတော့ ဆီမီးဖိုင်နယ်ထိ တစ်ကြိမ်ရောက်ဖူးပြီး မနှစ်ကတော့ ၂နှစ်ဆက် ပရီးမီး ယားလိဂ် ချန်ပီယံဆုကို လီဗာပူးအသင်းထံ လက်လွှဲပေးထားခဲ့ရပါတယ်။

မာဆေးလ်ကတော့ မန်စီးတီးထက် သမိုင်းကြောင်းပိုကောင်းပြီး ဥရောပဆုဖလားကို ဆွတ်ခူးထားနိုင်တဲ့ တစ်သင်း တည်းသော ပြင်သစ်ကလပ်အဖြစ် ရပ်တည်နေပါတယ်။

လက်ရှိ နည်းပြ ဘိုအာ့စ်ကတော့ ဂွါဒီယိုလာ ဘယ်လိုလာမလဲဆိုတာ သူမသိနိုင်ဘူးလို့ ဝန်ခံလာပြီး ပတ်က ထူး ဆန်းတာတွေ ဖန်တီးနိုင်သူဖြစ်ကာ လက်ရှိကြုံနေတဲ့ အခြေအနေ မကောင်းမှုကလည်း မကြာခင် ကျော်လွှားနိုင် မှာပါလို့ ဆိုပါသေးတယ်။

ဒါပေမယ့်လည်း ယနေ့ညမှာကစားမယ့်ပွဲကတော့ မာဆေးလ်အတွက် အတွေ့အကြုံယူ စမ်းသပ်မယ့်ပွဲတစ်ပွဲတော့ မဟုတ် ဘူးဆိုတာကိုလည်း ဘိုအာ့စ်က အဆုံးသတ်ပြောပါသေးတယ်။

Share

Loading Next Article...
က္က