တွစ်တာပေါ်မှာ အော်ဖစ်ရှယ်အကောင့်တွေနဲ့ အပြန်အလှန်ထိုးနှက်ခဲ့ကြတာပါ။

ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တစ်အုပ်စုတည်းကျရောက်နေတဲ့ အသင်းနှစ်သင်း ရင်ဆို်င်ရတော့မှာဖြစ်ပြီး ရော်နယ်ဒို နဲ့ မက်ဆီတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ပါဝင်နေလို့ ဒီပွဲကို ပရိသတ်အများအပြားက စောင့်မျှော်နေခဲ့ကြပါတယ်။


ဒီနေ့ည ကစားရတော့မယ့် ဂျူဗင်တပ်စ် နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်မတိုင်ခင်မှာတော့ အသင်းနှစ်သင်းဟာ တွစ်တာပေါ်ကတဆင့် လေတိုက်ပွဲတွေ ဆင်နွှဲသွားခဲ့ကြပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တစ်အုပ်စုတည်းကျရောက်နေတဲ့ အသင်းနှစ်သင်း ရင်ဆို်င်ရတော့မှာဖြစ်ပြီး ရော်နယ်ဒို နဲ့ မက်ဆီတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ပါဝင်နေလို့ ဒီပွဲကို ပရိသတ်အများအပြားက စောင့်မျှော်နေခဲ့ကြပါတယ်။




ဒါပေမယ့်လည်း ဒီပွဲမတိုင်ခင်မှာပဲ ရော်နယ်ဒိုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး နောက်ဆုံးသတင်းတွေအရတော့ ကစားပေးနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ မနေ့က ဆေးစစ်ခဲ့တာဖြစ်ပြီး ရလဒ်က positive သာ ထွက်ခဲ့တာဖြစ်လို့ လွဲချော်တော့မှာဖြစ်ပါတယ်။ ဆေးစစ်ချက်အဖြေရလဒ် မသိရှိရသေးခင်မှာ ဘာစီလိုနာအသင်းရဲ့ တရားဝင်တွစ်တာအကောင့်က အခုလိုပဲ ရေးသားခဲ့ပါတယ်။ 



မက်ဆီရဲ့ ဂျူဗင်တပ်စ်ကို ဂိုးသွင်းနေတဲ့ ဗီဒီယိုဖိုင်နဲ့အတူ "ဟေး.. ဂျူဗင်တပ်စ်၊ မနက်ဖြန် မင်းတို့ရဲ့ ကွင်းထဲမှာ တစ်ဦးတည်းသော  GOAT (မက်ဆီ) ကို အခုလိုတွေ့ဖို့ မျှော်လင့်နေတယ်နော််" လို့ ရေးသားခဲ့ပါတယ်။  ဒါဟာ ရော်နယ်ဒို ပါဝင်နိုင်ဖို့ မသေချာတဲ့အနေအထားတစ်ခုမှာ ဘာစီလိုနာဘက်က ထိုးနှက်ချက်တစ်ခုလို့ ယူဆရပြီး ဒီပြောဆိုမှုကို ဂျူဗင်တပ်စ်အသင်းဘက်ကလည်း ပါးပါးနပ်နပ်နဲ့ တုံ့ပြန်သွားခဲ့ပါတယ်။ 



ဘာစီလိုနာအသင်းဘက်ကို ဂိုးသွင်းယူနေတဲ့ ဒီဘာလာရဲ့ GIF ဖိုင်ကို ဂျူဗင်တပ်စ်အသင်းက အသုံးပြုခဲ့ပြီး "ငါတို့ကတော့ အံ့သြဖွယ်ရာတွေကိုပဲ ပိုပြီးမြင်ချင်တယ်၊ ဘယ်ခြေထောက်ပိုင်ရှင် အာဂျင်တိုင်းသားကိုပေါ့" လို့ ရေးသားခဲ့ကာ ရော်နယ်ဒိုမပါလည်း ဘာစီလိုနာကို ဂိုးသွင်းယူနိုင်စွမ်းရှိတဲ့ ဒီဘာလာရှိသေးတယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။ 



ဒီနောက်မှာ ဂျူဗင်တပ်စ်က ဒီဘာလာရဲ့ အောင်ပွဲခံဟန်ဖြစ်တဲ့ မျက်နှာဖုံးလုပ်ပြတဲ့အောင်ပွဲခံ GIF ကို ထပ်တင်ခဲ့ပြီး စိန်ပွင့်သဏ္ဍာန်အီမိုဂျီကို လက်ညိုးထိုးပြနေတဲ့ အီမိုဂျီနဲ့ ပေါင်းစပ်အသုံးပြုကာ အာဂျင်တီးနားသားက သူတို့ရဲ့အဖိုးတန်စိန်တပွင့်ဖြစ်တယ်လို့ ရည်ညွှန်းခဲ့ပါတယ်။ ဒီ Tweet ကိုလည်း ဘာစီလိုနာဘက်က ပြန်လည်တုံ့ပြန်ခဲ့မှုကလည်း တော်တော်လေး ပညာသားပါခဲ့ပါတယ်။ 



ဘာစီလိုနာက နေမာရဲ့ ဂျူဗင်တပ်စ်အသင်းဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးဗီဒီယိုကို ပြန်လည်ဖော်ပြခဲ့ပြီး "ဒီအချိန်မှာ Mask က အရေးကြီးတာမှန်ပါတယ်၊ ဒါပေမယ့် ဒီသွင်းဂိုးလောက် ကောင်းလို့လား" လို့ ပြန်လည်တုံ့ပြန်သွားခဲ့တာပါ။ ဘာစီလိုနာဘက်က စတင်ခဲ့တဲ့ တွစ်တာပေါ်ကတိုက်ပွဲက တော်တော်လေးကြည့်ကောင်းခဲ့ပြီး နှစ်ဖက်အသင်းဟာ တစ်သင်းကိုတစ်သင်း အသာစီးရယူခဲ့မှုတွေကို ပြန်လည်ဖော်ပြခဲ့ပြီး ဖျော်ဖြေပေးခဲ့ကြတာပဲဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က