အနိုင်ရဖို့ ယုံကြည်မှု ပြည့်ဝနေတာပါ။
Pyae Phyo Thein

ပြီးခဲ့တဲ့ရာသီမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ လိုက်ဇစ်ဟာ အုပ်စုအဖွင့်ပွဲကိုလည်း အနိုင်ရရှိထားပြီး ဒီရာသီမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။ 


အိုးထရက်ဖို့ဒ်မှာကစားရမယ့် ချန်ပီယံလိဂ်ပွဲမှာ အိမ်ရှင်ယူနိုက်တက်ကို အနိုင်ရရှိဖို့ ယုံကြည်ချက်ရှိတယ်လို့ လိုက်ဇစ်နည်းပြနာဂယ်စမန်းက ပြောဆိုလို်က်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ လိုက်ဇစ်ဟာ အုပ်စုအဖွင့်ပွဲကိုလည်း အနိုင်ရရှိထားပြီး ဒီရာသီမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။ 

တိုတောင်းတဲ့ကာလအတွင်း ဥရောပမျက်နှာစာထက်ကို တိုးထွက်လာခဲ့တဲ့ ဂျာမနီကလပ်က ယူနိုက်တက်နဲ့ ပထမဆုံးအကြိမ်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ နာမည်ကြီးလူငယ်နည်းပြ နာဂယ်စမန်းကတော့ သူ့အသင်းအတွက် လိုအပ်တာတွေအားလုံးကို စီမံနိုင်ခဲ့မယ်ဆိုရင် အဝေးကွင်းမှာ ယူနိုက်တက်ကို အနိုင်မရစရာအကြောင်း ဘာမှမရှိဘူးလို့ ဆိုခဲ့ပါတယ်။ 

"ယူနိုက်တက်ရဲ့ ဒီရာသီအစက သိပ်မကောင်းဘူးလို့ ထင်တယ်၊ ဒါပေမယ့် နောက်ဆုံးပွဲ (PSG) မှာ သူတို့ လမ်းကြောင်းမှန်ထဲ ရှိခဲ့ပါတယ်၊ သူတို့က အရမ်းကောင်းမွန်ပြီး အနိုင်ရဖို့ခက်တဲ့ အသင်းဆိုတာ ကျွန်တော်တို့သိရပါတယ်၊ အထူးသဖြင့် တိုက်စစ်မှူးတွေ၊ ကွင်းလယ်ကစားသမားတွေကြောင့်ပါ၊ Final Third Zone ထဲမှာ သူတို့က ကောင်းကောင်းလှုပ်ရှားနိုင်ပြီး ဒါကို ကျွန်တော်တို့ သတိထားဖို့လိုပါတယ်"

"ကျွန်တော်တို့ ခံစစ်လိုင်းမှာ နေရာလွတ်တွေမပေးရအောင် နီးနီးကပ်ကပ်ရှိနေရမှာပါ၊ တကယ်လို့ စိတ်ဓာတ်ကောင်းကောင်း၊ အခြေအနေအားလုံးကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ကစားနိုင်ခဲ့မယ်၊ ပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှု ပြည့်ဝနေရင် သူတို့ကို အနိုင်ယူနိုင်တဲ့အကြောင်း ကျွန်တော်တို့ ပြောလို့ရပါပြီ၊ ကွဲပြားခြားနားတဲ့ ကစားကွက်ကို ကျွန်တော်တို့ပြင်ဆင်ထားပြီး သူတို့ကလည်း ပြိုင်ဘက်တွေကို မတူညီတဲ့ပုံစံနဲ့ ကစားခဲ့ပါတယ်၊ သူတို့မှာ နည်းလမ်းကောင်းတွေ အများကြီးပါ" လို့ နာဂယ်စမန်းက ဆိုပါတယ်။ 

ယူနိုက်တက်ကတော့ ဒီရာသီအိမ်ကွင်းပွဲတွေမှာ ရလဒ်တွေကျဆင်းနေပြီး ၃ပွဲကစားအပြီးမှာ ၂ပွဲရှုံးကာ ၁ပွဲသရေကျထားခဲ့ပါတယ်။ နာဂယ်စမန်းကတော့ သူ့အသင်းသာ ယုံကြည်ချက်ပြည့်ဝနေမယ်ဆိုရင် အနိုင်ရမယ်လို့ ထပ်ပြောခဲ့ပြီး သူပြောသလို စွမ်းဆောင်နိုင်မလားဆိုတာကို ဒီနေ့ညမှာမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ 


Author


က္က