အပြောင်းအရွှေ့သတင်းတွေကြောင့် ကစားသမားအာရုံပျက်ပြားခဲ့တယ်လို့ ယူဆနေပါတယ်။
Pyae Phyo Thein

ယူနိုက်တက်ဟာ စျေးကွက်ဖွင့်ချိန်တလျှောက်လုံး ဆန်ချိုနဲ့ သတင်းကြီးနေခဲ့ပြီး အဆုံးသတ်မှာ အပြောင်းအရွှေ့ကဖြစ်မြောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။


ဒေါ့မွန်နည်းပြဖာဘရီက အသင်းတောင်ပံကစားသမားဆန်ချိုရဲ့ ခြေစွမ်းကျဆင်းနေရတာဟာ မန်ချက်စတာယူနိုက်တက်အသင်းကြောင့်လို့ စွပ်စွဲပြစ်တင်လိုက်ပါတယ်။ ကစားသမားရဲ့ စိတ်အာရုံကို ပျက်ပြားအောင် ယူနိုက်တက်ဘက်က ပြုလုပ်ခဲ့တယ်လို့ ဖာဘရီက ပြောဆိုခဲ့ပြီး အပြောင်းအရွှေ့ကာလမှာ ဖြစ်ပျက်ခဲ့မှုတွေကို ရည်ရွယ်သွားခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ စျေးကွက်ဖွင့်ချိန်တလျှောက်လုံး ဆန်ချိုနဲ့ သတင်းကြီးနေခဲ့ပြီး အဆုံးသတ်မှာ အပြောင်းအရွှေ့ကဖြစ်မြောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ရာသီသစ်ပြန်လည်စတင်ချိန်မှာတော့ ဆန်ချိုဟာ ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့ပြီး သွင်းဂိုးတစ်ဂိုးတည်းသာရရှိခဲ့ပြီး ဖန်တီးမှုလည်း ၃ကြိမ်သာပြုလုပ်ပေးနိုင်ခဲ့ကာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။ 

ဇင်းနစ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖာဘရီက "ဂျေဒန်နဲ့ပတ်သက်ပြီး နွေရာသီမှာ လူပြောများနေခဲ့ပါတယ်၊ ဒီအရာတစ်ခုခုရဲ့ လွှမ်းမိုးမှုလည်း ရှိနေနိုင်ပါတယ်၊ ဒါပေမယ့်လည်း ဘယ်ကစားသမားမှ ထိပ်ဆုံးအဆင့်ခြေစွမ်းကို တစ်နှစ်လောက်အထိ မရရှိနိုင်ပါဘူး၊ ဖြစ်လည်းမဖြစ်နိုင်ပါဘူး၊ ဒါကိုတော့ လက်သင့်ခံရပါမယ်" လို့ ပြောခဲ့ပါတယ်။ 

ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ဒေါ့မွန်က လာဇီယိုကို အရေးနိမ့်ထားခဲ့ပြီး ဇင်းနစ်ကလည်း ကလပ်ဘရုဂ်ကို အိမ်ကွင်းမှာအရေးနိမ့်ခဲ့ပါတယ်။ ဒေါ့မွန်အတွက် ဒီပွဲက နိုင်ပွဲရယူဖို့ အရေးပါနေပြီး လက်ရှိမှာ ရုရှကလပ်ရဲ့မာကျောတဲ့ခြေစွမ်းကြောင့် အခက်တွေ့ဖွယ်ရှိနေကာ ဖာဘရီကိုယ်တိုင်ကလည်း ဇင်းနစ်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းအပေါ် သတိကြီးကြီးထားရှိနေပါတယ်။ 


"ကျွန်တော့်အမြင်အရဆိုရင် ဇင်းနစ်က မလိုအပ်ပဲ ရှုံးနိမ့်ခဲ့တာပါ၊ သူတို့က အခွင့်အရေးတချို့လက်လွှတ်ခဲ့ရပြီး သူတို့ကဘယ်လောက်အန္တရာယ်ရှိလဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်" လို့ ဖာဘရီက ပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က