၂၇ မိနစ်တည်းနဲ့ ဟက်ထရစ်ရခဲ့တာပါ။
Pyae Phyo Thein

အင်္ဂလန်တိုက်စစ်မှူးဟာ ယူနိုက်တက်အတွက် ဆက်တိုက်ဂိုးသွင်းယူပေးနေတာဖြစ်ပြီး ကွင်းပြင်ပလူမှုရေးဆောင်ရွက်ချက်တွေကြောင့် အားလုံးရဲ့ ချီးကျူးခံနေရချိန်မှာ ကွင်းတွင်းခြေစွမ်းကလည်း တော်တော်လေးကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။


လိုက်ဇစ်နဲ့ပွဲမှာ ယူနို်က်တက်အတွက် ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးမားကပ်ရက်ရှ်ဖို့ဒ်ဟာ လူစားဝင်လာပြီးနောက် ဟက်ထရစ်ရရှိခဲ့တဲ့ ငါးဦးမြောက်ကစားသမားအဖြစ် ချန်ပီယံလိဂ်သမိုင်းမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့အရင်မှာ အခုလိုစွမ်းဆောင်ပြနိုင်သူတွေအဖြစ် ကိုင်လီယန်ဘတ်ပီ၊ ပန်ဒီယာနီ၊ လော်ရန်တီ၊ ရိုစ်လာတို့ရှိနေခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ရက်ရှ်ဖို့်ဒ်ဟာ အဆိုပါကစားသမားတွေထက် ပွဲကစားချိန်အနည်းဆုံးရှိခဲ့ပြီးတော့ ၂၇ မိနစ်သာ ကစားခဲ့တာဖြစ်ပါတယ်။ ဘတ်ပီက ၃၈ မိနစ်၊ ပန်ဒီယာနီက ၄၄ မိနစ်၊ လော်ရန်တီက ၄၅ မိနစ်၊ ရိုစ်လာက ၅၂ မိနစ်အထိ ကစားခဲ့ရတာဖြစ်ကာ ရက်ရှ်ဖို့ဒ်ပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းက ပိုမိုကောင်းမွန်နေခဲ့ပါတယ်။ 

အင်္ဂလန်တိုက်စစ်မှူးဟာ ယူနိုက်တက်အတွက် ဆက်တိုက်ဂိုးသွင်းယူပေးနေတာဖြစ်ပြီး ကွင်းပြင်ပလူမှုရေးဆောင်ရွက်ချက်တွေကြောင့် အားလုံးရဲ့ ချီးကျူးခံနေရချိန်မှာ ကွင်းတွင်းခြေစွမ်းကလည်း တော်တော်လေးကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်မှာရှိတဲ့ ကလေးငယ်တွေ အစားအစားငတ်မွတ်ခေါင်းပါးမှုမဖြစ်စေဖို့ ရက်ရှ်ဖို့ဒ်က အားကျိုးမာန်တက်နဲ့ ဆောင်ရွက်ပေးနေခဲ့တာဖြစ်ပါတယ်။ 

မနေ့ညက ပွဲမှာလည်း ရက်ရှ်ဖို့ဒ်က လူစားဝင်လာပြီး မကြာခင်မှာပဲ ယူနိုက်တက်အတွက် ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ လှပတဲ့ပေးပို့မှုကနေ ကွင်းလယ်တလျှောက်ဆွဲယူပြေးခဲ့ပြီး ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်သွင်းခဲ့ကာ ကျန်သွင်းဂိုးတွေကိုလည်း အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပြီး အသင်းကို ကြီးမားတဲ့နိုင်ပွဲရရှိစေခဲ့ပါတယ်။ 


ရက်ရှ်ဖို့ဒ်ရဲ့ ဒီရာသီပြိုင်ပွဲစုံသွင်းဂိုးက ၇ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ကာ ပရီးမီးယားလိဂ် ၂ဂိုး၊ ကာရာဘောင်းဖလား ၁ ဂိုး နဲ့ ချန်ပီယံလိဂ် ၄ ဂိုးအထိ ရရှိထားခဲ့ပါတယ်။ 


Author


က္က