၁-၀နဲ့ အရေးနိမ့်ခဲ့တာပါ။

ပထမပိုင်းအပြီးမှာ လူစားလဲမှု ၄ဦး တစ်ပြိုင်နက်တည်း လုပ်ခဲ့ရပြီး ဒီအ‌ပေါ်မှာတော့ ဖြစ်နိုင်ရင် ၁၁ဦးလောက်ထိ လဲခွင့်ရချင်တယ်လို့ မော်ရင်ဟိုက ဆိုလာခြင်း ဖြစ်ပါတယ်။

အန့်ဝပ်အသင်းကို အဝေးကွင်းမှာ ၁-၀နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ မိမိအနေနဲ့ လူစားလဲခွင့်ရမယ်ဆိုရင် ပထမ ပိုင်းမှာတင် ၁၁ယောက်စလုံး လဲပစ်လိုက်ချင်တယ်လို့ စပါး နည်းပြ ‌မော်ရင်ဟိုက ထုတ်ဖော်ပြောခဲ့ပါတယ်။



အဆိုပါပွဲမှာတော့ လိုဆယ်ဆို၊စတီဗင်ဘားဂျ်ဝင့်၊ကားလို့စ်ဗင်နီရှပ်၊ဒယ်အလီတို့ တစ်လကျော်အတွင်း ပထမဆုံး ပွဲထွက် ပါဝင်လာနိုင်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်း အပြီးမှာတော့ သူတို့ အားလုံးဟာ ပြန်လည်လူစားလဲခံလိုက်ရပြီး အဓိက ကစားသမား တွေ ဖြစ်တဲ့ဆွန်ဟောင်မင်၊ဟိုဂျ်ဘတ်၊လာမယ်လာနဲ့ကိန်းတို့ကို မော်ရင်ဟိုက ပြောင်းလဲ အသုံးပြုခဲ့ရပါတယ်။

အခုလိုမျိုး လူစားပြောင်းလဲမှု များစွာ ပြုလုပ်ခဲ့ရတဲ့ အပေါ်မှာတော့ - “ ဖြစ်နိုင်ရင် ၁၁ယောက်လုံးကို ပထမပိုင်း တင် လဲပစ်လိုက်ချင်တာပါ။ ၅ယောက်စလုံးလဲချင်ပေမယ့် လက်ကျန် ၄၅မိနစ်ကို လူစားလဲခွင့် လုံးဝမရှိပဲ ကစား ရတာလောက် ကြောက်ဖို့ ကောင်းတာ မရှိပါဘူး။”လို့ မော်ရင်ဟိုက ဆိုပါတယ်။

ဒါ့အပြင် အခုလို ရှုံးပွဲအတွက် အပြစ်တင်စရာ လူတစ်ဦးပဲ ရှိပြီး အဲ့ဒါကလည်း သူပါပဲလို့မော်ရင်ဟိုက ဝန်ခံ ပြော ပါသေးတယ်။

“အပြစ်တင်ရမယ့် တစ်ဦးတည်းသော ပုဂ္ဂိုလ်က ကျွန်တော့်ကိုပါပဲ၊ဒုတိယပိုင်းမှာ အသင်းတိုးတက်ဖို့ လုပ်ခဲ့ပေ မယ့်လည်း ထင်သလို မဖြစ်ခဲ့ပါဘူး။ပထမပိုင်းမှာ ပွဲက အရမ်းကစားရလွယ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပိုခက်လာ ပါတယ်။ အဆုံးသတ်မှာတော့ ပိုကောင်းတဲ့ အသင်းနိုင်ပြီး ညံ့တဲ့အသင်း ရှုံးတာပါပဲ။”လို့လည်း မော်ရင်ဟိုက ပွဲ ရလဒ်အပေါ် သုံးသပ်ပြောပါသေးတယ်။

ပွဲချိန်အတွင်း အပြည့်မှာတော့ မော်ရင်ဟိုဟာ ကစားသမား ၅ဦးထိ မဖြစ်မနေ အပြောင်းအလဲ ပြုလုပ် အသုံးပြုခဲ့ရ ပြီး ယခု ရှုံးပွဲညဟာ သူ့ရဲ့ အနာဂတ်ကို အလွယ်ကူဆုံး ရွေးချယ်ဖို့ ဖြစ်လာစေခဲ့တယ်လို့လည်း မော်ရင်ဟိုက ပြော ခဲ့ပါတယ်။

စပါးအသင်းကတော့ ယူရိုပါလိဂ် အုပ်စုတွင်းမှာ ၂ပွဲကစားပြီး ၁ပွဲနိုင်၁ပွဲရှုံးကာ ရမှတ် ၃မှတ်နဲ့ အုပ်စုတွင်း အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က