မန်စီးတီးအသင်းနှင့်အတူ ရာသီအစကတည်းက ခြေစွမ်းပြ ကစားနေနိုင်သူ ဖြစ်ပါတယ်။
Kyaw Ko Ko Sint

ပြီးခဲ့တဲ့ လတုန်းက အင်္ဂလန်အသင်းနဲ့ ပူးပေါင်းနေစဥ် ဟိုတယ်ခန်းအတွင်းသို့ မိန်းကလေးတွေ ခေါ်ခဲ့တာကြောင့် အိမ်ပြန်ပို့ခံထားရသူ ဖြစ်ပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဖိုဒန်ကတော့ ယူနိုက်တက် ကစားသမား ဂရင်းဝုဒ်နဲ့ လက်ရွေးစင်အသင်းမှာရှိစဥ် အသင်း ကချမှတ်ခဲ့တဲ့ စည်းကမ်းကို ချိုးဖောက်မိခဲ့လို့ နိုင်ငံလက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံထားရသူ ဖြစ်ပါတယ်။

အကြောင်းကတော့ အသင်းရဲ့ ဟိုတယ်ခန်းအတွင်းကို မိန်းကလေး အဖော် ခေါ်သွင်းခဲ့တာ ဖြစ်ပြီး ဒါကြောင့် အိမ် ကို ပြန်ပို့ခံရကာ အင်္ဂလန် အသင်း ကစားခဲ့တဲ့ ဝေးလ်၊ဘယ်လ်ဂျီယံနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ ပွဲစဥ်တွေကို လွဲချော် ခဲ့ရပါတယ်။

လက်ရှိမှာတော့ အင်္ဂလန် နည်းပြ ဆောက်ဂိတ်က အသင်းလိုအပ်ချက်အရ အဆိုပါ လူငယ် ကစားသမား နှစ်ဦးကို ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်လာရာမှာ ဖိုဒန်ကတော့ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်နိုင်ခဲ့ပေမယ့် ဂရင်းဝုဒ် ကိုတော့ အတိအကျ မထုတ်ပြန်ပေးသေးဘူး ဖြစ်နေပါတယ်။

ဖိုဒန်ကတော့ မန်စီးတီးအသင်းနှင့်အတူ ယခုနှစ် ရာသီအစကတည်းက တောက်ပတဲ့ ခြေစွမ်းတွေ ပြထားနိုင်သူ ဖြစ်ပြီး ဂရင်းဝုဒ်ကတော့ စောင့်ကြည့်ဖို့ လိုနေပါသေးတယ်။

ဒါကြောင့် လက်ရှိမှာတော့ ဖိုဒန်ဟာ အင်္ဂလန်အသင်းရဲ့ အိုင်ယာလန်၊ဘယ်လ်ဂျီယံနဲ့အိုက်စလန်တို့နဲ့ ကစားမယ့် ပွဲတွေမှာ လူစာရင်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က