သောကြာနေ့က ဆေးစစ်မှုမှာ Negative ရလဒ်ထွက်ခဲ့ပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့ရတဲ့ ရော်နယ်ဒိုဟာ စုစုပေါင်း ၁၉ ရက်ကြာ တစ်ဦးတည်းသီးသန့်နေထိုင်ခဲ့ရပြီး ဗိုင်းရပ်စ်ကို တွန်းလှန်နေခဲ့ရပါတယ်။




ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ပျောက်ကင်းသက်သာသွားခဲ့ပြီဖြစ်ပါတယ်။ မနေ့က ဆေးစစ်မှုတွေပြုလုပ်ခဲ့ရာမှာ ရလဒ်က Negative ထွက်ခဲ့တယ်လို့ အသင်းဘက်က တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး ပေါ်တူဂီတိုက်စစ်မှူးဟာ မကြာခင်မှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။ 

စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့ရတဲ့ ရော်နယ်ဒိုဟာ စုစုပေါင်း ၁၉ ရက်ကြာ တစ်ဦးတည်းသီးသန့်နေထိုင်ခဲ့ရပြီး ဗိုင်းရပ်စ်ကို တွန်းလှန်နေခဲ့ရပါတယ်။ အသင်းရဲ့ပွဲစဉ် ၄ပွဲအထိလည်း လွဲချော်ခဲ့ရပြီး သူမကစားနိုင်ချိ်န်တွေမှာ အသင်းရလဒ်တွေကျဆင်းနေခဲ့ပြီး နောက်ဆုံးပွဲမှာ ဘာစီလိုနာကို ရှုံးနိမ့်ထားခဲ့ပါတယ်။ 

"ရော်နယ်ဒိုကို တို့ဖတ်ရယူပြီးတော့ ကိုဗစ်အတွက် စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်၊ ဆေးစစ်မှုအဖြေအရ Negative ရလဒ်ထွက်ခဲ့ပြီး ကစားသမားအနေနဲ့ ပြန်လည်ကောင်းမွန်လာဖို့ ၁၉ ရက်ကြာ ကုသခံယူခဲ့ရပြီး နေအိမ်မှာ သီးသန့်နေထိုင်စရာမလိုတော့ပါဘူး" လို့ ဂျူဗင်တပ်စ်အသင်းက သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့မှာ နောက်ထပ်စစ်ဆေးမှုပြုလုပ်သွားဦးမယ််လို့ သိရပြီး တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းသွားဖို့ စီစဉ်ထားကြောင်းလည်း ဆိုပါတယ်။ နောက်ထပ်တစ်ကြိမ် စစ်ဆေးမှုရလဒ်မှာသာ Negative ဖြစ်နေခဲ့မယ်ဆိုရင်တော့ စပီဇီယာနဲ့ ကစားရမယ့် တနင်္ဂနွေနေ့ပွဲစဉ်မှာ သူ ပြန်လည်ကစားပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။ 

အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ခရိုတွန်နီ၊ ဗီရိုနာ၊ ဒိုင်နမိုကိဗ်၊ ဘာစီလိုနာတို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီးဖြစ်ပါတယ်။ ဘာစီလိိုနာနဲ့ပွဲကို ပါဝင်ကစားဖို့ မျှော်လင့်ခဲ့ပေမယ့် ဆေးစစ်မှုပြုလုပ်ခဲ့ရာမှာ Positive ဖြစ်နေခဲ့လို့ ပါဝင်ခွင့်မရတာပါ။ သူ ပြန်ကစားနိုင်တော့မယ့် သတင်းက ဖိအားတွေရှိနေတဲ့ ပီယာလိုအတွက်တော့ သတင်းကောင်းလည်းဖြစ်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က