ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်အနားယူရတော့မှာပါ။
Pyae Phyo Thein

ဘရာဇီးလ်အတွက် ကစားပေးရမယ့် နိုင်ငံတကာပွဲစဉ်တွေကိုပါ လွဲချော်ဖွယ်ရှိတယ်လို့ ပီအက်စ်ဂျီနည်းပြတူချယ်လ်က ပြောဆိုခဲ့ပြီး အနားယူချိန်အတိအကျကိုတော့ ခန့်မှန်းလို့မရဘူးလို့ ဆိုပါတယ်။ 


ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာဟာ အစ္စတန်ဘူလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် နိုဝင်ဘာလအထိ အနားယူရတော့မယ်လို့ ပြင်သစ်ကလပ်က အတည်ပြုသွားခဲ့ပါတယ်။ ဒါဟာ ပီအက်စ်ဂျီကိုပြောင်းရွှေ့ခဲ့ပြီးနောက် နှစ်တိုင်းလိုလိုမှာ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ နေမာအတွက် အစဉ်အလာမပျက်မှုဖြစ်လာခဲ့ပါတယ်။ 

ပီအက်စ်ဂျီက အနိုင်ရခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နေမာဟာ ပထမပိုင်းမှာပဲ လူစားလဲလှယ်ခဲ့ရပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ အနည်းဆုံး ဘရာဇီးလ်အတွက် ကစားပေးရမယ့် နိုင်ငံတကာပွဲစဉ်တွေကိုပါ လွဲချော်ဖွယ်ရှိတယ်လို့ ပီအက်စ်ဂျီနည်းပြတူချယ်လ်က ပြောဆိုခဲ့ပြီး အနားယူချိန်အတိအကျကိုတော့ ခန့်မှန်းလို့မရဘူးလို့ ဆိုပါတယ်။ 

"ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်၊ သူက ကြွက်သားဒဏ်ရာအနည်းငယ်ရရှိခဲ့တာဖြစ်ပြီး အကောင်းဆုံးအနားယူပြီးနောက် ပြန်လာပါလိမ့်မယ်၊ ဘရာဇီးလ်အတွက်လည်း သူကစားပေးနိုင်မယ်လို့ ကျွန်တော်ကတော့မထင်ဘူး၊ ကျွန်တော်တို့ ပြောပြနိုင်တဲ့ သတင်းအချက်အလက်ကတော့ သူ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်ကစားပေးနိုင်မယ်ဆိုတာပါ" လို့ တူချယ်လ်က ပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ပီအက်စ်ဂျီကတော့ နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင်မှာ နန့်တက်စ်၊ လိုက်ဇ်စ၊ ရန်းနက်စ်တို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ နေမာအနေနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်ကိုပါ လွဲချော်မှာဖြစ်လို့ အုပ်စုတွင်း ပြိုင်ဘက်ကောင်းဖြစ်တဲ့ လိုက်ဇစ်နဲ့ပွဲက ပီအက်စ်ဂျီအတွက် စိုးရိမ်စရာကောင်းလာခဲ့ပြီး ဂျာမနီမြေပေါ်မှာ ခက်ခက်ခဲခဲနဲ့ ကစားသွားရဖွယ်ရှိနေပါတယ်။ 

နေမာကတော့ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ၆ ပွဲကစားပေးထားပြီး ၂ဂိုးသွင်းယူကာ ၄ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒဏ်ရာက နာကျင်မှုပြင်းထန်ခြင်းမရှိပေမယ့်လည်း သက်တောင့်သက်သာမဖြစ်နေဘူးလို့ တူချယ်လ်က ထပ်မံပြောဆိုခဲ့ပြီး ဆေးစစ်ချက်အဖြေကို စောင့်ကြည့်ရဦးမယ်လိုု့ ထပ်လောင်းပြောဆိုခဲ့ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က