၆ ပွဲကစားအပြီးမှာ ၈ မှတ်သာရရှိထားပါတယ်။

မက်ဆီအတွက်လည်း ဘာစီလိုနာကစားသမားဘဝတလျှောက် အဆိုးဝါးဆုံးဘောလုံးရာသီအစနဲ့ တွေ့ကြုံနေရတာဖြစ်ပြီး တစ်ဦးချင်းစွမ်းဆောင်ရည်အရရော၊ အသင်းလိုက်မှာပါ အခက်ကြုံနေရတာဖြစ်ပါတယ်။


အလာဗက်စ်နဲ့ တစ်ဂိုးစီသရေကျခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ ၁၈ နှစ်အတွင်း အဆိုးရွားဆုံးဘောလုံးရာသီနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အသင်းအတွက်တင်မဟုတ်ဘဲ မက်ဆီအတွက်လည်း ဘာစီလိုနာကစားသမားဘဝတလျှောက် အဆိုးဝါးဆုံးဘောလုံးရာသီအစနဲ့ တွေ့ကြုံနေရတာဖြစ်ပြီး တစ်ဦးချင်းစွမ်းဆောင်ရည်အရရော၊ အသင်းလိုက်မှာပါ အခက်ကြုံနေရတာဖြစ်ပါတယ်။



အလာဗက်စ်ကို ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် ဂရစ်မန်းက ဘာစီလိုနာအတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့လို့ အဝေးကွင်းမှာ သရေတစ်မှတ်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိနစ် ၃၀ လောက်ကို တစ်ယောက်အသာနဲ့ ဘာစီလိုနာတို့ ကစားခဲ့ရပြီး ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ ပြိုင်ဘက်အသင်းဂိုးသမားရဲ့ ၇ ကြိမ်ခန့် လက်စွမ်းပြမှုနဲ့ ရင်ဆိုင်ပြီး ခံစားခဲ့ရပါတယ်။ 

ဒီပွဲကို သရေကျခဲ့တာဟာ ဘာစီလိုနာအတွက် ၁၈ နှစ်အတွင်း အဆိုးရွားဆုံးဘောလုံးရာသီအစဖြစ်လာခဲ့ပြီး ၆ ပွဲကစားအပြီးမှာ ၈ မှတ်သာရရှိထားပြီး ဇယားထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ၈ မှတ်အထိ ကွာဟနေခဲ့ပြီလည်းဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဂိုးကန်သွင်းချက် ၂၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး မက်ဆီတစ်ဦးတည်းက ၁၀ ကြိမ်ကန်သွင်းခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးရဖို့တော့ ခက်ခဲနေခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

နည်းပြသစ်ရော်နယ်ကိုးမန်းဟာ လာလီဂါနောက်ဆုံးလေးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး သူတို့နောက်ဆုံးအနိုင်ရခဲ့တာက အောက်တိုဘာလ ၁ ရက်နေ့က ကစားခဲ့တဲ့ ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဒီနောက်မှာ ဆီဗီလာ၊ ဂီတာဖေး၊ ရီးရဲလ်၊ အလာဗက်စ်တို့နဲ့ ကစားခဲ့ရပြီး နိုင်ပွဲလုံးဝမရှိခဲ့ဘဲ အခုလိုမျိုး ဆိုးရွားတဲ့ ဘောလုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအတွက် ၁၆ နှစ်ကြာကစားပေးခဲ့တဲ့ မက်ဆီအတွက်လည်း နူးကမ့်ကစားသမားဘဝတလျှောက် အဆိုးရွားဆုံး ဘောလုံးရာသီအစဖြစ်လာခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိအချိန်ထိလည်း open play ကနေ ဂိုးမသွင်းနိုင်သေးဘဲ ပယ်နယ်တီသွင်းဂိုးတွေသာ ရရှိထားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က