ပေါ်တူဂီကြယ်ပွင့်ဟာ ဒုတိယမြောက်ဆေးစစ်မှုမှာလည်း Negative ရလဒ်ထွက်ခဲ့ပါတယ်။

သောကြာနေ့တုန်းက ရော်နယ်ဒိုဟာ ဆေးစစ်မှုရလဒ်ထွက်ပေါ်ခဲ့ပြီး Negative ဖြစ်သွားခဲ့လို့ အသင်းနဲ့အတူ ပြန်လည်ကစားခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။


ဗိုင်းရပ််စ်ပျောက်ကင်းခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူးရော်နယ်ဒိုဟာ စပီဇီယာနဲ့ပွဲအတွက် အသင်းလူစာရင်းမှာ ပါဝင်လာမှာဖြစ်ပေမယ့် ပွဲထွက်ကစားခွင့်ရမှာမဟုတ်ဘူးလို့ ဂျူဗင်တပ်စ်နည်းပြပီယာလိုက အတည်ပြုပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ စက်တင််ဘာလအတွင်းက ကစားခဲ့တဲ့ ရိုးမားနဲ့ပွဲမှာ ဂျူဗီအတွက် နောက်ဆုံးကစားပေးခဲ့တာလည်းဖြစ်ပါတယ်။ 



သောကြာနေ့တုန်းက ရော်နယ်ဒိုဟာ ဆေးစစ်မှုရလဒ်ထွက်ပေါ်ခဲ့ပြီး Negative ဖြစ်သွားခဲ့လို့ အသင်းနဲ့အတူ ပြန်လည်ကစားခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ပီယာလိုက အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးကို ပွဲချိန်ပြည့်အသုံးပြုသွားဦးမှာမဟုတ်သေးဘဲ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ထားရှိသွားမယ်လို့ ဒီနေ့ကစားမယ့်ပွဲမတိုင်ခင် ပြောဆိုခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့့ပါတယ်။ 

ရော်နယ်ဒို ဗိုင်းရပ်စ်ကူးစက်ပြီးနောက် ဂျူဗင်တပ်စ်က လေးပွဲကစားထားခဲ့ပြီး တစ်ပွဲတည်းသာအနိုင်ရခဲ့ပါတယ်။ အဆိုပါလေးပွဲမှာ သွင်းဂိုး ၄ဂိုးသာရရှိခဲ့ပြီး ပေးဂိုးက ၄ဂိုးအထိရှိခဲ့ပါတယ်။ ရော်နယ်ဒိုက ၂ပွဲသာကစားပေးထားခဲ့ချိန်မှာ ၃ဂိုးအထိသွင်းယူထားခဲ့တာကို ကြည့်မယ်ဆိုရင် အသင်းအတွက် ဘယ်လောက်ထိအရေးပါလဲဆိုတာ သိသာနိုင်မှာဖြစ်ပါတယ်။ 

"ဒုတိယအကြိမ်ဆေးစစ်မှုမှာလည်း သူ Negative ဖြစ်ခဲ့ပါတယ်၊ ဒီမနက်ပိုင်းမှာ သူ တစ်ဦးတည်းလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်၊ အသင်းနဲ့လည်း သူ ပူးပေါင်းတော့မှာပါ၊ ဒါပေမယ့် သူ ပွဲထွက်ကစားခွင့်ရမှာတော့ မဟုတ်သေးပါဘူး၊ သူ့အတွက် အရေးကြီးတာတွေရှိနေပါသေးတယ်၊ သူ အိမ်မှာ လေ့ကျင့်နေခဲ့ပြီး အသင်းနဲ့အတူ သူ့ကိုအပါခေါ်သွားဖို့က အရမ်းအရေးကြီးပါတယ်" လို့ ပီယာလိုက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

ပီယာလိုဟာ ရော်နယ်ဒိုကစားနိုင်ခြင်းမရှိချိန်မှာ မိုရာတာကို အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုနေခဲ့ပါတယ်။ အခြားတိုက်စစ်ကစားသမားဖြစ်တဲ့ ဒီဘာလာကို အသုံးမပြုမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ ပီယာလိုက "ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက တစ်ခုတည်းသောပြသနာပါ၊ သူ ရာနှုန်းပြည့်အနေအထားမှာမရှိဘူးလို့ ကျွန်တော်အမြဲပြောခဲ့ပါတယ်၊ သူ လေ့ကျင့်ဖို့ အချိန်လိုအပ်နေပြီး ကြံ့ခိုင်မှုပြည့်ဝနေမှဖြစ်ပါမယ်" လို့ ဖြေဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က