မိနစ် ၈၀ ကျော်မျာ အနိုင်ဂိုးသွင်းပေးခဲ့တာပါ။
Pyae Phyo Thein

ဇလာတန်က ပွဲချိန် ၈၃ မိနစ်မှာ အေစီမီလန်အတွက် အနိုင်ဂိုးကို နောက်ပြန်ကန်ချက်နဲ့ ကန်သွင်းယူခဲ့ရာမှာ ထိချက်မမှန်ခဲ့ပေမယ့်လည်း ဂိုးရဖို့အတွက်တော့ လုံလောက်ခဲ့ပြီး အသင်းကိုနိုင်ပွဲရစေခဲ့ပါတယ်။


ဇလာတန်အီဘရာဟီမိုဗစ်ကတော့ အေစီမီလန်အသင်းကို ကယ်တင်ပေးခဲ့ပြန်ပါပြီ။ ဒီနေ့ညနေပိုင်းက ကစားခဲ့တဲ့ အူဒီးနီးနဲ့ပွဲမှာလည်း တစ်ဖက်တစ်ဂိုးစီ သရေဖြစ်နေချိန်မှာ ဇလာတန်က ပွဲချိန် ၈၃ မိနစ်မှာ အေစီမီလန်အတွက် အနိုင်ဂိုးကို နောက်ပြန်ကန်ချက်နဲ့ ကန်သွင်းယူခဲ့ရာမှာ ထိချက်မမှန်ခဲ့ပေမယ့်လည်း ဂိုးရဖို့အတွက်တော့ လုံလောက်ခဲ့ပြီး အသင်းကိုနိုင်ပွဲရစေခဲ့ပါတယ်။

ဇလာတန်ကတော့ အေစီမီလန်အတွက် ဒီရာသီမှာ ခြေစွမ်းပြနေပြီး ဒီသွင်းဂိုးနဲ့ဆိုရင် သူ့ရဲ့ စီးရီးအေဂိုးက ၇ ဂိုးအထိ ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ တစ်ပွဲနှစ်ဂိုးနှုန်းသွင်းယူပေးခဲ့တဲ့ ဇလာတန်က ဒီနေ့မှာလည်း ပထမဂိုးသွင်းယူခဲ့တဲ့ ကက်ဆီရဲ့ ဂိုးကိုလည်း ဖန်တီးပေးခဲ့ကာ အသင်းရဲ့သွင်းဂိုးတိုင်းမှာ ပတ်သက်နေခဲ့ပါတယ်။ 

အေစီမီလန်အနေနဲ့ ဒီနိုင်ပွဲကြောင့် ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ အသွင်သစ်နဲ့ အေစီမီလန်ဟာ ရာသီသစ်မှာ အကောင်းဆုံးပုံစံပြနေပြီး စီးရီးအေဆုဖလားကို ပြန်လည်စိန်ခေါ်နိုင်တဲ့ အနေအထားကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ လက်ရှိခြေစွမ်းကိုသာ ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင်တော့ လာမယ့်ရာသီမှာ သေချာပေါက်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ 

ရာသီအစောပိုင်းဖြစ်နေသေးလို့ ပြောဖို့စောနေပေမယ့် အေစီမီလန်ရဲ့ တိုးတက်လာမှုတွေကတော့ ငြင်းပယ်ထားလို့မရတာအမှန်ပါပဲ။ အထူးသဖြင့် နည်းပြပီအိုလိုရဲ့ လက်အောက်မှာ အေစီမီလန်က ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းကစကာ အကောင်းဆုံးပုံစံကို ရနေခဲ့ပြီး အသင်းနဲ့လမ်းခွဲမယ့်အနေအထားကနေ စာချုပ်သစ်ပါ ချုပ်ဆိုနိုင်ခဲ့ပြီး ဒီရာသီကို အကောင်းဆုံးဖြတ်သန်းနေတာလည်းဖြစ်ပါတယ်။ 


Author


က္က