ဗိုင်းရပ်စ်ကူုးစက်ခံရပြီးနောက် ပထမဆုံးပြန်လည်ကစားခဲ့တဲ့ပွဲပါ။
Pyae Phyo Thein

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ ဒီနေ့ကစားခဲ့တဲ့ စပီဇီယာနဲ့ပွဲမှာ အသင်းအတွက် လူစားလဲပါဝင်ခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပဲ ဂိုးသွင်းယူခဲ့ကာ အသင်းအတွက် မရှိမဖြစ်ကစားသမားဆိုတာကို သက်သေပြသွားခဲ့ပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်စ်နည်းပြပီယာလိုက ရော်နယ်ဒိုကို လူစာရင်းထဲထည့်သွင်းခဲ့ပေမယ့် အရန်ခုံမှာသာ ထိုင်ခိုင်းခဲ့တာဖြစ်ပါတယ်။

ဗိုင်းရပ်ကူးစက်ခံခဲ့ရပြီး ပြန်လည်သက်သာလာချိန်မှာ ရော်နယ်ဒိုက အသင်းနဲ့ အလျင်အမြန်ပူးပေါင်းခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲဆက်ပြတ်နေတာကြောင့်ရော၊ ကြံ့ခို်င်မှုအနေအထားအရပါ ရော်နယ်ဒိုကို ချန်လှပ်ခဲ့ပြီး အရေးပေါ်အခြေအနေမှာ သူ့ကို အသုံးပြုခဲ့ရတာဖြစ်ပြီး လူစားဝင်ပြီး ချက်ချင်းပဲ ဂိုးသွင်းခဲ့တာပါ။



တစ်ဖက်တစ်ဂိုးစီသရေဖြစ်နေပြီး ဂီုးရဖို့ ခက်ခဲနေခဲ့ချိန်မှာ ရော်နယ်ဒိုဝင်လာခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့တာက တော်ရုံတိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။ နည်းပြပီယာလိုအတွက်တော့ ရော်နယ်ဒိုက မရှိမဖြစ်ကစားသမားဆိုတာကို ထပ်မံမြင်တွေ့ခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုကလည်း သူဘယ်လိုကစားသမားလဲဆိုတာကို သက်သေထပ်ပြနိုင်ခဲ့ပါတယ်။ 


Author


က္က