စပီဇီယာကိူ ၄-၁ ဂိုးသွင်းနဲ့ နိုင်တဲ့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
Kyaw Ko Ko Sint

ကိုဗစ်ကူးစက်ခံထားရလို့ နိုင်ငံနှင့်ကလပ်အသင်းပွဲစဥ်တွေကို လွဲချော်နေခဲ့ရာမှ ယခုအခါ ရောဂါပိုး ကင်းစင်သွားပြီး ပထမဆုံး ပြန်ကစားတဲ့ပွဲမှာပဲ ဂျူဗင်တပ်အတွက် ၂ဂိုး သွင်းယူပေးလိုက်တာပါ။

ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ ရော်နယ်ဒိုကတော့ သူ့အနေနဲ့ အခုချိန်မှာ ကျန်းမာရေး အထူးကောင်းမွန်နေပြီး ခရစ္စတီယာနို ပြန်လာပြီလို့ စပီဇီယာကို ၄-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြောသွားပါတယ်။

ဂျူဗင်တပ် တိုက်စစ်မှူးဟာ ကိုဗစ်ကြောင့် နိုင်ငံအသင်းရဲ့ ပွဲစဥ်အပါအတွင် ကလပ်အသင်းနှင့်အတူ ချန်ပီယံလိဂ်နဲ့ လိဂ်ပွဲစဥ်အချို့ကိုလည်း လွဲ‌ချော်ခဲ့ရပါတယ်။

ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် မက်ဆီနှင့် ချန်ပီယံလိဂ် အုပ်စုတွင်း ယှဥ်ပြိုင်ရမယ့် အခွင့်အရေး ကိုလည်း လက်လွှတ်ထားခဲ့ရပါတယ်။

ဒါပေမယ့်လည်း မနေ့က စပီဇီယာနှင့်ပွဲမှာတော့ လူစားဝင်လာပြီး ဒုတိယဂိုးနှင့်တတိယဂိုးတွေကို သွင်းယူပေးနိုင် ခဲ့ပါတယ်။

“ကျွန်တော် ကိုဗစ်ကူးစက်ခံထားရပေမယ့် ဒီအတိုင်းပဲ အကောင်းအတိုင်း ဘာဝေဒနာမှ မခံစားရပဲ ရှိနေခဲ့ပါတယ်။ အခုလက်ရှိ စိတ်ခံစားမှုလည်း ကောင်းပါတယ်၊အခု ကျွန်တော် ကြိုက်တဲ့ ဘောလုံးကို အကောင်းဆုံး ကစားနိုင်နေ ပါပြီ။”လို့ ရော်နယ်ဒိုက ဆိုပါတယ်။

ရော်နယ်ဒိုအနေနဲ့ ကိုဗစ်ဖြစ်လို့ ပေါ်တူဂီအသင်းနှင့်ပူးပေါင်းနေရာမှ အီတလီနိုင်ငံကို လူနာတင် လေယာဥ်ဖြင့် သီးသန့် ပြန်လာမှုဟာ ကိုဗစ်သတ်မှတ်စည်းမျဥ်းကို ချိုးဖောက်ခဲ့တယ်လို့ အီတလီ အားကစားဝန်ကြီးက စွပ်စွဲ ထားတာနှင့်ပတ်သက်ပြီးမူ - “ဒါတွေက အရေးမကြီးပါဘူး။ပြောလည်း မပြောချင်ပါဘူး။အခုအရေးကြီးဆုံးက ကျွန်တော်ပြန်လာခဲ့ပါပြီ။”လို့ ရော်နယ်ဒိုက ဆက်လက်ဆိုပါတယ်။

“စီးရီးအေက ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်၊မီလန်အသင်းအနေနဲ့ဆိုရင် အကောင်းဆုံး လုပ်ဆောင်ထားနိုင်ပါတယ်။ အလားတူ လာဇီယိုနဲ့ နာပိုလီတို့လည်း ထိုနည်းလည်းကောင်းပါပဲ။ကျွန်တော်တို့ အလုပ်ပိုကြိုးစားဖို့လိုပြီး လုပ် လည်း လုပ်ဆောင်နေပါတယ်။အခုချိန်မှာ ပိုအရေးကြီးတာက ကျွန်တော်ပြန်လာပြီဆိုတာပါပဲ။”လို့ ရော်နယ်ဒိုက ပြောပါတယ်။

ဂျူဗင်တပ်အသင်းကတော့ စပီဇီယာကို အနိုင်ရလိုက်လို့ စီးရီးအေမှာ ၃ပွဲနိုင်၃ပွဲသရေကျပြီး အဆင့် ၃နေရာမှာ အဆင့် ၁က မီလန်အောက် ၄မှတ်လျော့နည်းပြီး ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က