မနက်ဖြန်မှာ မစ်ဂျီလန်းနဲ့ ချန်ပီယံလိဂ်ပွဲကစားရမှာပါ။
Pyae Phyo Thein

ဗိုင်းရပ်စ်ကူးစက်သူတေထဲမှာ အဓိကကစားသမားတွေဖြစ်တဲ့ တာဒစ်၊ ကလက်ဆန်၊ အိုနာနာ၊ စတီကယ်လန်ဘတ်၊ ဂရာဗန်ဘာ့ချ်တို့ ပါဝင်နေပြီး လူငယ်အသင်းမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေတွေ့ရှိခဲ့ရတယ်လိ့ သိရပါတယ်။

နယ်သာလန်ကလပ်အေဂျက်ဇ်အသင်းဟာ မစ်ဂျီလန်းနဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ကစားသမားအင်အား ၁၇ ဦးသာ ရှိနေတယ်လို့ သိရပါတယ်။ အသင်းရဲ့ ကစားသမား ၁၁ ဦးအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် အေဂျက်ဇ်အတွက်အခက်အခဲတွေဖြစ်နေပြီး ပွဲကစားဖို့တောင် မလွယ်ကူတဲ့ အနေအထားမှာရှိနေပါတယ်။ 

ဗိုင်းရပ်စ်ကူးစက်သူတေထဲမှာ အဓိကကစားသမားတွေဖြစ်တဲ့ တာဒစ်၊ ကလက်ဆန်၊ အိုနာနာ၊ စတီကယ်လန်ဘတ်၊ ဂရာဗန်ဘာ့ချ်တို့ ပါဝင်နေပြီး လူငယ်အသင်းမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေတွေ့ရှိခဲ့ရတယ်လိ့ သိရပါတယ်။ ဒုတိယအကြိမ်ဆေးစစ်မှုတွေကို ပြုလုပ်ထားပြီး ရလဒ်စောင့်ဆိုင်းနေရကာ တစ်ဦးချင်းစီရဲ့ အခြေအနေကိုတော့ထုတ်ဖော်ပြောဆိုဖို့ မလွယ်ကူဘူးလို့ Eurosports ဆိုပါတယ်။ 

တနလာင်္နေ့မှာ ဆေးစစ်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ကစားသမားတချို့တော့ ကျန်နေရစ်ခဲ့မယ်လို့ နည်းပြတန်ဟက်က ပြောဆိုခဲ့ပါတယ်။ အေဂျက်ဇ်အနေနဲ့ အုပ်စုတွင်းမှာ နိုင်ပွဲမရသေးဘဲ မစ်ဂျီလန်းကို အနိုင်ယူကာ ပထမဆုံးနိုင်ပွဲရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားတွေရဲ့ ဗိုင်းရပ်စ်ကူးစက်ခံရမှုက သူတို့ကို အကျပ်ရိုက်စေပြီဖြစ်ပါတယ်။ 

"ဟော်လန်မှာ ကစားခွင့်ရခဲ့သူတချို့က ဒိန်းမတ်ကိုသွားဖို့ ခွင့်ပြုချက်မရခဲ့ပါဘူး၊ နည်းနည်းတော့ ထူးဆန်းပါတယ်၊ မတူညီတဲ့တိုင်းပြည်တွေဖြစ်လို့ ကွဲပြားတဲ့ ဥပဒေတွေကရှိနေပါတယ်၊ ကျွန်တော့်ကစားသမားကောင်းတွေကို ချန်လှပ်ခဲ့ရမှာဖြစ်ပေမယ့် ကစားဖို့အတွက်တော့ အသင့်ဖြစ်နေပါပြီ" လို့ နည်းပြတန်ဟက်က ပြောဆိုသွားခဲ့ပါတယ်။ 

ဒိန်းမတ်ကိုထွက်ခွာမယ့် အေဂျက်ဇ်အသင်းလူစာရင်းမျာတော့ ရှာပန်၊ ရှာအက်စ်၊ မာဇရာအွီ၊ ဘလင်း၊ မာတီနက်ဇ်၊ တာဂလီယာဖီကို၊ ကလီဘာ၊ တင်မ်ဘာ၊ အယ်လ်ဗာရက်ဇ်၊ အီကယ်လန်ကမ့်၊ နီရက်စ်၊ အန်တိုနီ၊ ကွင်ဆီပရုမ်းစ်၊ ထရာအိုယေး၊ ဟန်တယ်လာ၊ ဘရော့ဘီနဲ့ ယန်ဆန်တို့သာ ပါဝင်နေတာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က