ကွန်တီရဲ့ အင်တာမီလန်အသင်းကတော့ စီးရီးအေမှာ ၆ပွဲကစား ၁၁မှတ်နဲ့ အဆင့် ၆မှာ ရှိနေပေမယ့် ချန်ပီယံလိဂ် မှာတော့ ၂ပွဲကစား ၂ပွဲသရေကျပြီး ရမှတ် ၂မှတ်နဲ့ အဆင့် ၃မှာရှိနေပါတယ်။
ပေါင်ခြံဒဏ်ရာကြောင့် ယနေ့ညမှာ ကစားမယ့် ရီးရဲနှင့် ချန်ပီယံလိဂ် အုပ်စု ပွဲစဥ်အား အင်တာမီလန် တိုက်စစ်မှူး လူကာကူ လွဲချော်မယ်လို့ သိရပါတယ်။
အသက် ၂၇နှစ်အရွယ် အဆိုပါ ဘယ်လ်ဂျီယံ လက်ရွေးစင်ကတော့ ယခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၇ဂိုးထိ ရယူ ပေးထားနိုင်သူလည်း ဖြစ်ပါတယ်။
လူကာကူနည်းတူပဲ နောက်ထပ် အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ချီလီ လက်ရွေးစင် ဆန်းချက်အနေနဲ့လည်း အ သင်းနှင့်အတူ လေ့ကျင့်ခန်း ဆင်းနေနိုင်ပြီ ဖြစ်ပေမယ့်လည်း ရီးရဲနှင့်ပွဲမှာ ပွဲထွက်နိုင်ဖို့တော့ မဖြစ်နိုင်သေးဘူးလို့ နည်းပြ ကွန်တီက ထုတ်ဖော်ပြောထားပါတယ်။
အင်တာနည်းတူ ရီးရဲအသင်းမှာလည်း နောက်ခံလူ အီဒါ ကိုဗစ်ဖြစ်လို့ လွဲချော်မှာ ဖြစ်ပြီး နာချို၊ကာဗာဂျယ်နှင့် လူငယ် ကစားသမားလေး မာတင် အိုဒီဂတ်တို့ လွဲချော်ကြမှာပါ။
နှစ်သင်းစလုံး လိဂ်မှာ အခြေအနေကောင်းပေမယ့် ချန်ပီယံလိဂ် အုပ်စုတွင်းမှာတော့ အခြေအနေမကောင်းပဲ အဆင့် ၃နဲ့၄မှာ ကိုယ်စီရှိနေကြပါတယ်။
အခုပွဲက နောက်တစ်ဆင့် တက်ဖို့ အရေးကြီးတဲ့ပွဲဖြစ်ပြီး ဘယ်သူ နောက်တစ်ဆင့် တက်နိုင်မလဲ နှစ်သင်းစလုံး ကျန်ခဲ့ဖို့များလားဆိုတာ များစွာ သက်ဆိုင်နေပါတယ်။
တစ်သင်းသင်းက နိုင်ခဲ့မယ်ဆိုရင် ရှုံးတဲ့အသင်းအတွက် ဒုတိယအကျော့မှာ အင်မတန်ကြိုးစားမှ နောက်တစ်ဆင့် အတွက် မျှော်လင့်နိုင်မှာ ဖြစ်သလို သရေကျသွားရင်တော့ နှစ်သင်းစလုံးအတွက် မျှော်လင့်ချက် မှေးမှိန်စေမှာ လည်း ဖြစ်ပါတယ်။
ဒီအခြေအနေမှာ နှစ်သင်းစလုံး လူမစုံပဲ အဓိက ကစားသမားအချို့ ဒဏ်ရာကြောင့် မပါဝင်နိုင်တာကအားလျော့ စေတာ အမှန်ပင်။