အဓိကတိုက်စစ်မှူးအားလုံး ဒဏ်ရာကြောင့် မပါဝင်နိုင်တော့ပါဘူး။
Pyae Phyo Thein

နေမာနဲ့ အီကာဒီတို့ကတော့ နိုင်ငံတကာပွဲစဉ်တွေပြီးတဲ့အချိန်မှသာ ကလပ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်မှာဖြစ်ကာ တူချယ်လ်အတွက်တော့ တိုက်စစ်ပိုင်းပြသနာတွေရှိလာခဲ့ပြီဖြစ်ပါတယ်။


လိုက်ဇစ်နဲ့ကစားရမယ့် ပီအက်စ်ဂျီအသင်းမှာ အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ ဘတ်ပီ၊ နေမာနဲ့ အီကာဒီတို့ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ပြင်သစ်ကလပ်က အတည်ပြုသွားခဲ့ပါတယ်။ အီကာဒီကတော့ ဒဏ်ရာကြောင့် ရာသီအစကတည်းက အနားယူနေရတာဖြစ်ပြီး နေမာကတော့ ပြိးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အခုအခါမှာ ဘတ်ပီလည်း ဒဏ်ရာကြောင့် အနားယူရတော့မယ်လို့ ပီအက်စ်ဂျီက အတည်ပြုခဲ့ပြီး လိုက်ဇစ်နဲ့ပွဲမှာ တိုက်စစ်မှူးအဖြစ် မွိုက်ကီးန်တစ်ဦးတည်းနဲ့သာ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဘတ်ပီရဲ့ ဒဏ်ရာဟာ စိုးရိမ်စရာမလိုဘူးလို့ သိရပေမယ့်လည်း အပြည့်အဝကစားပေးနိုင်ဖို့ဆိုရင် အနားယူဖို့လိုအပ်တယ်လို့လည်း ပြင်သစ်ကလပ်က သတင်းထုတ်ပြနခဲ့ပါတယ်။ 

ဘတ်ပီဟာ ၄၈ နာရီအတွင်း ပြန်လည်ကစားပေးနိုင်မယ်လို့ သိရပြီး စနေနေ့မှာကစားရမယ့် ရန်းနက်စ်နဲ့ပွဲကိုတောင် ဝင်ကစားပေးဖွယ်ရှိနေပါတယ်။ ဒါပေမယ့် နေမာနဲ့ အီကာဒီတို့ကတော့ နိုင်ငံတကာပွဲစဉ်တွေပြီးတဲ့အချိန်မှသာ ကလပ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်မှာဖြစ်ကာ တူချယ်လ်အတွက်တော့ တိုက်စစ်ပိုင်းပြသနာတွေရှိလာခဲ့ပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ်အုပ်စုတွင်းမှာ ယူနိုက်တက်ရဲ့နောက် ရှေ့ဆင့်နောက်ဆင့်ရပ်တည်နေပြီး နောက်တဆင့်တက်ဖို့အတွက် လိုက်ဇစ် နဲ့ ပီအက်စ်ဂျီတို့က အပြိုင်ဖြစ်နေပါတယ်။ ဒီအချိန်မှာ ပီအက်စ်ဂျီက အဆိုပါတိုက်စစ်မှူးသုံးဦးအပြင် ဗာရက်တီ၊ ဒရက်ဇ်လာတို့လည်း ဒဏ်ရာကြောင့် အနားယူနေရလို့ အဓိကကစားသမားအများအပြားကို လက်လွှတ်ရတော့မှာဖြစ်ပါတယ်။ 


Author


က္က