ရီးရဲလ်ကစားသမားဘဝ သွင်းဂိုး ၁၀၀ ကြပ်ည့ခဲ့ပါပြီ။

နောက်ခံကစားသမားတစ်ဦးအတွက် တော်တော်လေးများပြားတဲ့ သွင်းဂိုးအရေအတွက်လို့ ဆိုရမှာဖြစ်ပြီး ရာမို့စ်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်လာခဲ့ပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် နောက်ခံလူရာမို့စ်ဟာ အင်တာမီလန်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အသင်းအတွက်တစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ရီးရဲလ်ကစားသမားဘဝ ဂိုးပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ နောက်ခံကစားသမားတစ်ဦးအတွက် တော်တော်လေးများပြားတဲ့ သွင်းဂိုးအရေအတွက်လို့ ဆိုရမှာဖြစ်ပြီး ရာမို့စ်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်လာခဲ့ပါတယ်။ 



အသက် ၃၄နှစ်အရွယ်စပိန်နောက်ခံလူဟာ အသင်းရဲ့ ပယ်နယ်တီပြစ်ဒဏ်ဘောတွေကို ကန်သွင်းယူဖို့ တာဝန်ယူခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ကာလတွေမှာ ပယ်နယ်တီကန်သွင်းမှုကနေ သွင်းဂိုးအများအပြားရရှိခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်အတွက် ၆၅၉ ပွဲကစားပြီး ဂိုးပေါင်း၁၀၀ ရရှိခဲ့ရာမှာ ၅၅ ဂိုးက ခေါင်းတိုက်သွင်းဂိုးတွေဖြစ်လို့ ရာမို့စ်ရဲ့ ဂိုးသွင်းထူးချွန်မှုက အသိအမှတ်ပြုရမှာ အသေအချာပါပဲ။

ရာမို့စ်ရဲ့ သွင်းဂိုးကို အချိုးချကြည့်မယ်ဆိုရင် ၆ပွဲကစားပြီးတိုင်းမှာ တစ်ဂိုးနှုန်းသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဗဟိုခံစစ်ကစားသမားကြီးဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ဂိုးအပါအဝင် အခြားသောပြောင်မြောက်တဲ့ သွင်းဂိုးတွေကိုရယူခဲ့ကာ လက်ရွေးစင်အသင်းအတွက်လည်း ၂၃ ဂိုးအထိ ရယူပေးထားခဲ့ပါတယ်။ 

ဒါပေမယ့် ရာမို့စ်က သမိုင်းတလျှောက် ဂိုးသွင်းအများဆုံးခံစစ်မှူးတော့မဟုတ်ဘဲ သူ့ရဲ့အထက်မှာ ရော်နယ်ကိုးမန်း၊ အာဂျင်တီးနားလက်ရွေးစင်ဟောင်းဒန်နီရယ်ပက်စ်ဆာရီလာ၊ စပိန်နဲ့ မက်ဒရစ်နောက်ခံလူဟောင်းဟီယာရို၊ ပြင်သစ်နောက်ခံလူဟောင်းလောရင့်ဘလန့်တို့ရှိနေခဲ့ကြပြီး ရာမို့စ်ကတော့ ဂိုးသွင်းအများဆုံးခံစစ်မှူးစာရင်းထဲတော့ တိုးပေါက်ခဲ့ပါတယ်။ 

ရီးရဲလ်က ၃-၂ နဲ့ အနိုင်ရရှိခဲ့ရာမှာ ဦးဆောင်ဂိုးနှစ်ဂိုးရယူနိုင်ခဲ့ပြီးမှ ချေပဂိုးတွေဆက်တိုက်ပေးခဲ့ရလို့ ခက်ခက်ခဲခဲကစားခဲ့ရပြီး ရိုဒရိုင်ဂိုရဲ့ မိနစ် ၈၀ သွင်းဂိုးကြောင့် နိုင်ပွဲရခဲ့ကာ အုပ်စုအဆင့်ကတက်ရောက်ဖို့ မျှော်လင့်နိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က