ဂျူဗီအတွက် ဒီရာသီ ချန်ပီယံလိဂ်ပထမဆုံးပွဲကို ရော်နယ်ဒိုကစားပေးရတော့မှာပါ။

ဒီနေ့မှာကစားမယ့် ဂျူဗင်တပ်စ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရော်နယ်ဒိုပါဝင်လာခဲ့မယ်ဆိုရင်တော့ သူ့အတွက် ဒီရာသီပထမဆုံးချန်ပီယံလိဂ်ပွဲကို ကစားခွင့်ရမှာပဲဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ရော်နယ်ဒိုအတွက်လည်း ဒီရာသီပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးကို ရယူနိုင်မှာဖြစ်ပြီး သူ စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့ ဖာရန်ဗားရို့စ်အသင်းနဲ့ ကစားရမှာဖြစ်လို့ သူ့အတွက် မတူညီတဲ့ကလပ်အသင်းပေါင်း ၃၄ သင်းကို ဂိုးသွင်းယူနိုင်မယ့် စံချိန်မှတ်တမ်းကို ရယူနိုင်ဖို့ အခွင့်အရေးရှိနေတာပါ။ ရော်နယ်ဒိုဟာ လက်ရှိမှာ ရင်ဆိုင်ခဲ့ဖူးတဲ့အသင်းတွေက ၃၃ သင်းအထိကို ဂိုးသွင်းယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။



ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ စပီဇီယာနဲ့ပွဲမှာ အသင်းအတွက် လူစားလဲပါဝင်ကစားခဲ့ပြီး အနိုင်ဂိုးနှစ်ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ကွင်းထဲဝင်ပြီး နှစ်မိနစ်အကြာမှာပဲ ရော်နယ်ဒိုက ဂိုးသွင်းယူပြခဲ့တာဖြစ်ပြီး သူ့အတွက်တော့ ကိုရိုနာဗိုင်းရပ််စ်က ဘာအနှောင့်အယှက်မှမဖြစ်စေဘူးဆိုတာကို ပြသခဲ့ပါတယ်။ 

ရော်နယ်ဒိုကစားပေးနိုင်ခြင်းမရှိချိန်မှာ တစ်ပွဲကိုအများဆုံးနှစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး နိုင်ပွဲလည်းတစ်ပွဲပဲရှိခဲ့တဲ့ ဂျူဗီက သူ ပြန်ကစားပေးချိန်မှာတော့ လေးဂိုးအထိ ပြန်သွင်းနိုင်ခဲ့သလို နိုင်ပွဲလည်းရရှိခဲ့ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုပြန်လာနိုင်မှုက နည်းပြပီယာလိုအတွက်လည်းအားတက်စရာဖြစ်လာခဲ့ပြီး တိုက်စစ်ပိုင်းအတွက် ပူပန်မှုတွေလျော့ကျခဲ့ရပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ဂိုးပေါင်း ၁၃၀ အထိသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရော်နယ်ဒိုက စံချိန်တင်ထားပေမယ့်လည်း မတူညီတဲ့အသင်းတွေကို ဂိုးသွင်းယူမှုမှာတော့ မက်ဆီရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရပါတယ်။ မက်ဆီက လက်ရှိမှာ ၃၆ သင်းအထိကို ဂိုးသွင်းထားပြီး ရော်နယ်ဒိုအနေနဲ့ အဆိုပါစံချိန်ကို လိုက်မီဖို့အတွက်ဆိုရင် ဒီနေ့ရင်ဆိုင်ရမယ့် ဖာရန်ဗားရို့စ်နဲ့ပွဲမှာ ဂိုးသွင်းပြီး အစပြုရတော့မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က