တော်တော်လေးဆိုးရွားတဲ့ ကစားပုံကို ပြသခဲ့တာပါ။
Pyae Phyo Thein

ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ဒီရှုံးပွဲဟာ ခါတိုင်းရှုံးပွဲတွေထက် ပိုမိုစိတ်ပျက်စရာဖြစ်ခဲ့ရပြီး အသင်းရဲ့ တော်တော်လေးစိတ်ပျက်ဖွယ်ရာခံစစ်ကစားပုံနဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရကြပါတယ်။ 


မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အစ္စတန်ဘူလ်အသင်းကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ ၂ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရပါတယ်။ ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ဒီရှုံးပွဲဟာ ခါတိုင်းရှုံးပွဲတွေထက် ပိုမိုစိတ်ပျက်စရာဖြစ်ခဲ့ရပြီး အသင်းရဲ့ တော်တော်လေးစိတ်ပျက်ဖွယ်ရာခံစစ်ကစားပုံနဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရကြပါတယ်။ 

အစ္စတန်ဘူလ်အသင်းရရှိသွားခဲ့တဲ့ ပထမဂိုးမှာဆိုရင် ယူနိုက်တက်တစ်သင်းလုံးက တိုက်စစ်ကိုလိုက်ပါနေခဲ့ပြီး ကိုယ့်အသင်းကွင်းဘက်ခြမ်းမှာ ကစားသမားတစ်ဦးမှ မရှိတော့ဘဲ ပြိုင်ဘက်အသင်းကွင်းဘက်ခြမ်းထိ အားလုံးရောက်ရှိနေခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဒမ်ဘာဘာက လွတ်လွတ်လပ်လပ်နဲ့ နေရာယူခွင့်ရရှိထားခဲ့ပြီး အသင်းဘောလုံးရချိန်မှာ ဘောလုံးကိုတိုက်ရိုက်လက်ခံယူကာ တစ်ဦးတည်းဆွဲပြေးပြီး ကန်သွင်းသွားခဲ့ပါတယ်။

မာတစ်က လိုက်လံဟန့်တားပေမယ့်လည်း လိုက်မမီခဲ့ဘဲရှိခဲ့ပြီး ယူနိုက်တက်ခံစစ်အစွန်လူတွေဖြစ်တဲ့ လုခ်ရှောနဲ့ ဘစ်စ်ကာတို့ရဲ့ အာရုံစူးစိုက်မှုက မေးခွန်းထုတ်စရာဖြစ်ခဲ့ရပါတယ်။ နောက်ထပ်တစ်ကြိမ်မှာလည်း အသင်းခေါင်းဆောင်မက်ဂွိုင်းယားအပါအဝင် ကစားသမား၃ဦးဟာ မိမိဧရိယာအတွင်းနီးနီးကပ်ကပ်ရှိနေခဲ့ပြီး ပြိုင်ဘက်ကစားသမားနှစ်ဦးကတော့ စိတ်ကြိုက်ဂိုးကန်သွင်းခွင့်ရရှိနေတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။ 

ခံစစ်ကစားသမားတွေရဲ့ နားလည်မှုမရှိခြင်း၊ ချိတ်ဆက်ကစားပုံအားနည်းခြင်း၊ ကွင်းအတွင်းဆက်သွယ်မှုအားနည်းခြင်းတွေက ယူနိုက်တက်ကစားပုံကို ပိုမိုဆိုးရွားစေခဲ့ပြီး ခံစစ်ပိုင်းမှာကြီးမားတဲ့ နေရာလွတ်တွေဖြစ်ပေါ်ခဲ့ရပြီး အစ္စတန်ဘူလ်က အသုံးချကာ ဂိုးတွေရယူနိုင်ခဲ့ပြီး မာရှယ်ရဲ့ ချေပဂိုးတစ်ဂိုးတည်းကိုသာ ခွင့်ပြုခဲ့ရကာ ကျန်ပွဲချိန်တွေမှာ ကြံ့ကြံ့ခံပြီး အနိုင်ရလဒ်ကို ယူသွားခဲ့ပါတယ်။ 

အစ္စတန်ဘူလ်အတွက်တော့ အုပ်စုတွင်းပထမဆုံးနိုင်ပွဲဖြစ်ပြီး လိုက်ဇစ်၊ ပီအက်စ်ဂျီတို့ကို အနိုင်ယူထားတဲ့ ယူနိုက်တက်အတွက် ရှုံးချက်နာခဲ့ရပါတယ်။ ဆိုးလ်ရှားအတွက်လည်း ဖိအားတွေတိုးလာခဲ့ပြီး သူ့ရဲ့အားနည်းမှုတွေက ပိုမိုထင်ရှားလာခဲ့ပြီဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ကိုထုတ်ပယ်ဖို့အတွက် တောင်းဆိုလာခဲ့ကြပြီဖြစ်ပါတယ်။ 


Author


က္က