ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁၀ ဂိုးအထိရရှိထားပါတယ်။
Pyae Phyo Thein

ဟာလန်းအနေနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖွင့် ၃ပွဲစလုံးကို ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီလိုမျိုး သူနဲ့နည်းတူ စွမ်းဆောင်ထားနိုင်သူအဖြစ် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသာ ရှိနေခဲ့ပါတယ်။


ကလပ်ဘရုဂ်နဲ့ပွဲမှာ ဒေါ့မွန်အတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးခဲ့တဲ့ နော်ဝေကြယ်ပွင့်ဟာလန်းကတော့ ဒီရာသီမှာ တစ်ပွဲကိုတစ်ဂိုးနှုန်းသွင်းယူနေကာ သူ့ရဲ့ပုံမှန်ခြေစွမ်းကို ပြသနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကမှ ဒေါ့မွန်ကိုပြောင်းရွှေ့ခဲ့ပေမယ့်လည်း ဟာလန်းက အလျင်အမြန်ပဲ အထိုင်ကျခဲ့ပြီး နောက်ရာသီမှာလည်း သူ့ရဲ့ခြေစွမ်းက တည်ငြိမ်မှုရှိတယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။

ဒီရာသီမှာ ဟာလန်းက ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၁ဝပွဲကစားပေးအပြီးမှာ သွင်းဂိုး ၁၀ ဂိုးအထိရရှိထားခဲ့တာဖြစ်ပါတယ်။ တစ်ပွဲကို တစ်ဂိုးနှုန်းသွင်းယူပေးနေတာဖြစ်ပြီး ဘွန်ဒက်လီဂါမှာ ငါးပွဲကစားအပြီး ငါးဂိုးရရှိထားကာ ချန်ပီယံလိဂ်မှာ ၃ပွဲကစားပြီး ၄ဂိုး နဲ့ ပြည်တွင်းဖလားပြိုင်ပွဲမှာ တစ်ဂိုးရယူထားပြီး ပြိုင်ပွဲစုံအရပ်ရပ်မှာ ဟာလန်းက ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဟာလန်းအနေနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖွင့် ၃ပွဲစလုံးကို ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီလိုမျိုး သူနဲ့နည်းတူ စွမ်းဆောင်ထားနိုင်သူအဖြစ် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသာ ရှိနေခဲ့ပါတယ်။ မက်ဆီကလည်း အုပ်စုတွင်းအဖွင့် ၃ပွဲစလုံးကို ဂိုးသွင်းယူထားနိုင်ခဲ့ပြီးတော့ ထူးခြားချက်အဖြစ် အဆိုပါဂိုးအားလုံးကို ပယ်နယ်တီကနေ သွင်းယူထားခဲ့တာဖြစ်ပါတယ်။ 

လက်ရှိအချိန်ထိ ဟာလန်းဟာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၂၈ ပွဲအထိ ကစားပေးထားခဲ့ပြီး ၂၆ ဂိုးအထိ ရရှိထားခဲ့ပါတယ်။ နည်းပြဖာဘရီရဲ့ အားထားရတဲ့ လူငယ်တိုက်စစ်မှူးဟာ တစထက်တစ ပိုမိုတောက်ပလာခဲ့ပြီး အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရယူနေနိုင်ဆဲဖြစ်ပါတယ်။ ဒေါ့မွန်အတွက်တော့ ဆန်ချိုအပြင် ဟာလန်းကို ထိန်းသိမ်းထားနိုင်ဖို့ပါ ခက်ခဲလာဖွယ်ရှိနေပါတယ်။ 

စာချုပ်ပါအချက်အရ လာမယ့်ရာသီတွေမှာ ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးလျော့ကျလာမှာလည်းဖြစ်လို့ လက်လွှတ်ရဖွယ်ရှိနေပြီး ဟာလန်းကို ထိပ်တန်းအသင်းကြီးတစ်သင်းမှာ မြင်တွေ့ရမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 



Author


က္က