ချေပဂိုးတစ်ဂိုးသွင်းပေးခဲ့ပေမယ့်လည်း ကစားပုံကြောင့် ပြစ်တင်ခံခဲ့ရတာပါ။
Pyae Phyo Thein

မာရှယ်ဟာ အဆိုပါပွဲမှာ အသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပေမယ့်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့သလို အားစိုက်ကစားခြင်းလည်းမရှိခဲ့ဘူးလို့ ပေါလ်စခိုးက အပြစ်တင်ခဲ့ပါတယ်။ 


ယူနိုက်တက်ကွင်းလယ်လူဟောင်းပေါလ်စခိုးက အန်သိုနီမာရှယ်ဟာ အစ္စတန်ဘူလ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဘာဆိုဘာမှထိထိရောက်ရောက်မလုပ်ခဲ့ဘူးလို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ မာရှယ်ဟာ အဆိုပါပွဲမှာ အသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပေမယ့်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့သလို အားစိုက်ကစားခြင်းလည်းမရှိခဲ့ဘူးလို့ ပေါလ်စခိုးက အပြစ်တင်ခဲ့ပါတယ်။ 

အသင်းဘောလုံးပိုင်ဆိုင်မှုရနေချိန်မှာ မာရှယ်က လှုပ်ရှားခြင်းမရှိဘဲ နေနေခဲ့တယ်လို့ ပေါလ်စခိုးက အဓိကထားပြောဆိုခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ အရည်အသွေးဟာ တော်တော်လေးကို ဆိုးရွားညံ့ဖျင်းခဲ့တယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။ အမှန်တကယ်လည်း မာရှယ်ဟာ စိတ်ပိုင်းဆိုင်ရာအရ ကောင်းကောင်းမတုံ့ပြန်နိုင်ခဲ့လို့ ပရိသတ်တွေဆီကပါ ပြစ်တင်မှုတွေကို ရရှိနေခဲ့ပါတယ်။ 

BT Sport က တဆင့် ပေါ့လ်စခိုးက "ကျွန်တော်တွေးမိခဲ့တာတော့ သူ့အရည်အသွေးက တော်တော်လေးဆိုးဝါးနေခဲ့တယ်ဆိုတာပါပဲ၊ သူတို့တွေ ဘောလုံးကိုအဝေးကြီးပေးနေတဲ့ အချိန်အတိုင်းအတာတွေ၊ ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေနဲ့ ပြိုင်ဘက်ကစားသမားတစ်ဦးကို အနိုင်ရဖို့ အားထုတ်မှုတွေပေါ့၊ ဒါတွေက ပေးဆပ်ခဲ့ရမှုတွေပါ"

"ပေါ့ဂ်ဘာက လူစားဝင်လာပြီးနောက်မှာ လူပေးပြီး ရှေ့ကိုပြေးတက်ရမယ့်အစား ကျော်ဖြတ်ဖို့ကိုပဲ ကြိုးစားနေတယ်၊ မာရှယ်က တုပ်တုပ်တောင်မလှုပ်ခဲ့ဘဲနဲ့ ကျွန်တော်ကြည့်လိုက်တိုင်းမှာတော့ သူက ကွင်းလယ်လူဘောလုံးရချိန်တိုင်း ပြိုင်ဘက်ခံစစ်မှူးနှစ်ဦးကြားမှာ ဘာမှမလုပ်ဘဲ ရှိနေခဲ့တယ်၊ တကယ်ကို အရည်အသွေးကင်းမဲ့နေခဲ့တာပါ၊ သူတို့တွေက ကောင်းမွန်တဲ့အနေအထားတခုမှာရှိတယ်လို့ ကျွန်တော်ထင်ခဲ့ပေမယ့် နောက်ဆုံးမှာ အရည်အသွေးက တကယ်ကင်းမဲ့နေပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်မှာ သုံးပွဲပယ်ခံထားရပြီး ပွဲကစားခွင့်မရခဲ့ပေမယ့်လည်း မာရှယ်ဟာ တက်ကြွလန်းဆန်းမှုကင်းမဲ့စွာနဲ့ ကစားနေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအားနည်းမှုတွေအပေါ် ပရိသတ်တွေကလည်း ဒေါသထွက်နေခဲ့ပြီး ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 


Author


က္က