ပထမဆုံး အကြိမ် ရင်ဆိုင်တွေ့ကြမှာပါ။

နှစ်သင်းကြား တစ်ကြိမ်မျှ မတွေ့ဆုံဖူးပဲ ယခုတစ်ကြိမ်က ပထမဆုံးအကြိမ် ဖြစ်ပေမယ့် လူဒိုဂိုရက်ဇ်အတွက် တော့ အင်္ဂလန်ကလပ်တွေနဲ့ တွေ့ဆုံထားတဲ့ ၄ကြိမ်စလုံး အနိုင်မရထားပဲ ၃ပွဲရှုံး ၁ပွဲသရေကျထားတဲ့ မှတ်တမ်း ဆိုးတော့ ရှိနေပါတယ်။

ယနေ့ညမှာ ကစားရမယ့် စပါးအသင်းနဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဥ်မှာ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ အနိုင် ကစားမယ်လို့ လူဒိုဂိုရက်ဇ် ယာယီနည်းပြချုပ် စတန်နီစလပ်ဗ်က ထုတ်ဖော်ပြောလာပါတယ်။



စပါးအသင်းကတော့ ပြီးခဲ့တဲ့ အုပ်စုပွဲစဥ်(၂)မှာ မထင်မှတ်ပဲ အန့်ဝပ်အသင်းကို ရှုံးနိမ့်ထားခဲ့ပြီး ယခုပွဲကလည်း အဝေးကွင်းပွဲစဥ်တစ်ခု ဖြစ်နေပြန်ပါတယ်။

ဒါ့အပြင် အဓိက ကစားသမားအချို့ ဖြစ်တဲ့ ရီဂွီလွန်၊လာမယ်လာနဲ့ အူရီယာတို့ လွဲချော်ဖို့ ရှိနေတာက နည်းပြ မော် ရင်ဟိုအတွက် ထိုးနှက်ချက်တစ်ရပ်အဖြစ် ရှိနေစေပါတယ်။

“စပါးအသင်းနဲ့ ရင်ဆိုင်ရတာဟာ တကယ့်ကို အခွင့်ထူးတစ်ရပ်ပါပဲ၊သူတို့အသင်းက ကမ္ဘာမှာ နာမည်ကျော် အသင်းတစ်သင်းပါ၊တကယ်လို့ ကျွန်တော်တို့သာ အနိုင်ယူပြလိုက်နိုင်ရင် ကျွန်တော်တို့ကိုလည်း အားလုံး သိ သွားမှာပါ။”လို့ ယာယီနည်းပြချုပ် စတန်နီစလပ်ဗက် ဆိုပါတယ်။

စပါးအသင်းနဲ့ ရင်ဆိုင်ရဖို့က သူ့ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာတာနဲ့တူပြီး အနိုင်ယူဖို့ကတော့ သူ့ရဲ့ အကြီးမား ဆုံး အိပ်မက်တစ်ခုလို့လည်း ၎င်းက ဆက်လက်ဆိုပါတယ်။

“ပထမပွဲနှစ်ပွဲ ဘာဖြစ်ခဲ့ဖြစ်ခဲ့ အရေးမကြီးပါဘူး၊စပါးအသင်းကို ရှေ့က လမ်းစဥ်တွေအတိုင်းပဲ အနိုင်ယူဖို့ ပြင်ဆင် မှာပါ။ ဥရောပရဲ့ ထိပ်သီးအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ကျွန်တော်တို့အတွက်တော့ တကယ့်ကို နှစ်လို ဖွယ်ရာပါပဲ။”လို့လည်း ၎င်းက ဆက်လက်ပြောပါတယ်။

လူဒိုဂိုရက်ဇ်နဲ့စပါးအသင်းဟာ ယခင်က တစ်ကြိမ်မျှ မတွေ့ဖူးပဲ ပထမဆုံးအကြိမ် တွေ့ကြမှာ ဖြစ်ပေမယ့် လူဒိုဂို ရက်ဇ်အသင်းကတော့ အင်္ဂလန် ကလပ်တွေနဲ့ ၅ကြိမ်မြောက် ရင်ဆိုင်ရမယ့်ပွဲလည်း ဖြစ်ပါတယ်။

ရှေ့မှာ ရင်ဆိုင်ထားတဲ့ ၄ပွဲမှာတော့၃ပွဲရှုံးပြီး ၁ပွဲသရေကျထားပါတယ်။အခုရင်ဆိုင်ရမယ့် စပါးအသင်းကတော့ ယူရိုပါလိဂ် အုပ်စုအဆင့်မှာ ၂၀၁၁ခုနှစ်တုန်းက အုပ်စုတွင်း နှစ်ပွဲဆက် ရှုံးပြီးနောက် တစ်ကြိမ်မျှ နှစ်ပွဲဆက် မရှုံးထားတာကြောင့် ဒီတစ်ကြိမ်ကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

လူဒိုဂိုရက်ဇ်အသင်းကလည်း ဘူဂေးရီးယားလိဂ်ကို ဦးဆောင်နေတယ်ဆိုပေမယ့် ယူရိုပါလိဂ်မှာ အိမ်ကွင်း နောက်ဆုံး ၁၁ပွဲဆက်တိုက်မှာ ၄ပွဲသရေ ၆ပွဲရှုံးပြီး နိုင်ပွဲ တစ်ပွဲသာ ရထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က