နောက်တန်းကစားသမားတွေ အချိတ်အဆက် မမိကြဘူးလို့လည်း ဆိုးလ်ရှားက အပြစ်တင်ခဲ့ပါတယ်။
Kyaw Ko Ko Sint

ပထမပိုင်းမှာ ကွင်းလယ်တစ်ဝက်လောက်ကနေ ပြိုင်ဖက် တိုက်စစ်မှူး ဘရဲ့ ဘောလုံးဆွဲယူသွားမှုကို လိုက်လံ ဟန့်တားနိုင်ခဲ့ခြင်း မရှိပဲ ဦးဆောင်ဂိုးပေးလိုက်ရတာနဲ့ ပတ်သက်ပြီး ယူနိုက်တက် နောက်တန်းကို ဝေဖန်နေကြ တာပါ။

ခွင့်လွှတ်လို့မရတဲ့ အံ့အားသင့်ဖွယ် နောက်တန်း ကစားပုံရဲ့ အဓိက တာဝန်ရှိသူအောင် မိမိသာ ဖြစ်ပြီး တာဝန် အပြည့်ယူပါတယ်လို့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ယူနိုက်တက်အသင်းဟာ အစ္စတန်ဘူလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ ပြိုင်ဖက်အသင်းကို နောက်တန်း ကစားပုံ ဆိုးရွာမှုကတဆင့် လွတ်လွတ်ကျွတ်ကျွတ်ဂိုးသွင်းခွင့်ပြုလိုက်ရပါတယ်။

“ဒီတစ်ခုကတော့ ခွင့်လွှတ်ဖို့ မသင့်ပါဘူး၊ပုံမှန်အခြေအနေမှာ ရရှိသွားတဲ့ သွင်းဂိုးတော့ လုံးဝမဟုတ်ခဲ့ပါဘူး။ ကိုယ့်အလုပ်ကိုယ်တာဝန်မကျေခဲ့ဘူးလို့ ဆိုရမှာပါ၊ဘာပဲ ဖြစ်ဖြစ် ကျွန်တာ့်မှာသာ တာဝန်အပြည့်ရှိပါတယ်။”လို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ - “ဆုံးဖြတ်ချက်ကောင်းတွေနဲ့ နားလည်မှုတွေ ပျောက်ဆုံးနေပါတယ်၊ဒီလိုအဆင့်မှာ ဒါမျိုးဂိုး ဟာ ဘယ်လိုမှ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။”လို့လည်း ဆိုးလ်ရှားက ဆက်လက် သုံးသပ်ပြောပါသေးတယ်။

ယခုလို ယူနိုက်တက်ကို အနိုင်ရလိုက်တဲ့အတွက် အစ္စတန်ဘူလ်အသင်းအတွက် ချန်ပီယံလိဂ် ပထမဆုံး နိုင်ပွဲ ရရှိသွားပါတယ်။

ယူနိုက်တက်အတွက်တော့ ၄ရက်အတွင်း ရှုံးပွဲ၂ပွဲကြုံခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကလည်း အာဆင်နယ် အသင်းကို အိမ်ကွင်းမှာ ၀-၁နဲ့ အရေးနိမ့်ထားပါတယ်။

ဆိုးလ်ရှားအတွက်တော့ ဒီအရှုံးတွေဟာ သူ့ရဲ့ တာဝန်နဲ့ ရာထူးကို ရင်းရဖို့ နီးစပ်နေပြီလို့ သုံးသပ်နေကြပေမယ့် အခုလို အမှားတွေ ဆက်တိုက်ဖြစ်လာတာဟာ တာဝန်အပေါ် ကြောက်ရွံ့နေတယ်လို့ ဝေဖန်တဲ့အပေါ်မှာတော့ ဆိုးလ်ရှားက ငြင်းပယ်ခဲ့ပါတယ်။

“ဒီလို မေးခွန်းမျိုးကိုတော့ ကျွန်တော် ပြတ်ပြတ်သားသားငြင်းပယ်ပါတယ်”လို့ ဆိုးလ်ရှားက ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၆ပွဲကစား ရမှတ် ၇မှတ်သာရသေးလို့ အဆင့် ၁၅နေ ရာမှာရပ်တည်နေရပေမယ့် ချန်ပီယံလိဂ်မှာတော့ ၃ပွဲကစား ၂ပွဲနိုင် ၁ပွဲရှုံး ၆မှတ်ရရှိထားပြီး လိုက်ပ်ဇစ်နဲ့ ရမှတ် တူ ဂိုးကွာခြားချက်အသာအရ အုပ်စုကို ဦးဆောင်နေပါတယ်။


Author


က္က