တစ်ကြိမ်က အာဆင်နယ်အနိုင်ယူပြီး ဆွတ်ခူးထားတာပါ။
Kyaw Ko Ko Sint

လုဇ်ကတော့ ယူရိုပါလိဂ် ၂ကြိမ်ရယူဖူးထားသူ ဖြစ်ပြီး တစ်ကြိမ်ကတော့ အာဆင်နယ်အသင်းကို ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ဆွတ်ခူးနိုင်ထားခဲ့တာပါ။

ယခုနှစ်ဘောလုံးရာသီကမှ ချဲလ်ဆီးအသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဒေးဗစ်လုဇ်ဟာ အာဆင်နယ်အသင်းရဲ့ အဓိက ခံစစ်မှူးအဖြစ် ပါဝင်နေပါတယ်။

ဒါပေမယ့်လည်း လက်စတာနှင့်ပွဲမှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ ဒန်းဒေါ့နဲ့ယူနိုက်တက် တို့ကို အနိုင်ရခဲ့တဲ့ ပွဲစဥ်၂ပွဲကိုတော့ လွဲချော်ထားပါတယ်။

ယခုအခါ အဆိုပါ ပေါင်ခြံ ဒဏ်ရာက‌နေ ပြန်လည် သက်သာလာပြီ ဖြစ်လို့ ယနေ့ညမှာ မိုလ်ဒီနဲ့ ကစားမယ့် ပွဲစဥ်မှာ ပြန်လည်ပါဝင်လာဖို့ ရှိနေပါတယ်။

ပွဲကြပ်တွေ ဆက်တိုက်ကစားနေရပြီး ၃ရက်တစ်ပွဲနှုန်းမှာ နည်းပြ အာတီတာအတွက် လူစာရင်းကို အလဲအလှယ် လုပ်ပြီး ကစားနေရပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့လူစာရင်းကိုယနေ့ပွဲမှာ အများစု အပြောင်းအလဲ ပြုလုပ်ဖွယ်လည်း ရှိနေပြန်ပါတယ်။

“ကစားသမားတွေကို နားရက်ပေးရပါမယ်၊နောက်ပြီး ကိုယ့်လိုအပ်ချက်ကိုလည်း ကိုယ်သိဖို လိုပါသေးတယ်။”လို့ နည်းပြအာတီတာက ဆိုပါတယ်။

လုဇ်ကတော့ ယခင် ချဲလ်ဆီးအသင်းနှင့်အတူ ယူရိုပါလိဂ်ဆုဖလားကို နှစ်ကြိမ် ကိုင်မြှောက်ထားနိုင်ခဲ့ပြီး တစ်ကြိမ် ကတော့ အာဆင်နယ်အသင်းကို ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ကိုင်မြှောက်နိုင်ခဲ့တာပါ။

ယနေ့ညအတွက်ကိုမူ အသစ်ခေါ်ယူထားတဲ့ လူငယ်ဂိုးသမားလေး ရူနာဆန်၊လူငယ်တိုက်စစ်မှူးလေ အန်ကီတီရာ၊ ကွင်းလယ်လူ ပေပေနဲ့ စီဘယ်လော့စ်တို့ ပါဝင်လာနိုင်ပါတယ်။

အာဆင်နယ်အသင်းနဲ့ မိုလ်ဒီ နှစ်သင်းစလုံး ယခု အုပ်စုတွင်းမှာ ပြိုင်ဖက် ကိုယ်စီကို အနိုင်ရပြီး ၆မှတ်စီနဲ့ အုပ်စုကို ဦးဆောင်နေပါတယ်၊

ယခုပွဲကတော့ ဘယ်သူ အုပ်စုကို ဦးဆောင်မလဲ အဆုံးအဖြတ်ပေးမယ့်ပွဲဖြစ်ပြီး အာဆင်နယ်အသင်းကတော့ ယခု ပွဲမတိုင်မီ ကစားထားခဲ့သမျှ နော်ဝေးကလပ်တွေကို မရှုံးနိမ့်ထားဘူးပဲ ၃ပွဲနိုင်ကာ ၁ပွဲသရေ ကစားထားပါတယ်။

နှစ်သင်းကြား ပထမဆုံး တွေ့ဆုံမှု ဖြစ်သလို မိုလ်ဒီအသင်းအတွက်တော့ အင်္ဂလန် ကလပ်အသင်းတွေကို တစ်ကြိမ်မျှ အနိုင် မကစားထားနိုင်တာကလည်းအားနည်းချက် တစ်ခုအဖြစ် ရှိနေပြန်ပါတယ်။

ဒါပေမယ့်လည်း ကိုဗစ်ကာလနှင့်အတူ ကျင်းပနေတဲ့ ဘောလုံးပွဲစဥ်တွေမှာ ပွဲဆက်တွေ များနေတဲ့အတွက် အသင်းကြီးတွေ ခြေမတည်ငြိမ်ပဲ မထင်မှတ်တဲ့ ရှုံးပွဲတွေလည်း တွေ့နေရလို့ မိုလ်ဒီအသင်းအတွက် အဝေးကွင်း ဖြစ်လင့်ကစား လူခြွေတာ ကစားလာနိုင်တဲ့အာဆင်နယ်အသင်းထံက ရမှတ် ယူနိုင်ဖို့ အခွင့်အရေး အပြည့်ရှိနေ တယ်လို့လည်း ဆိုရမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က