တစ်ရာသီအတွင်း အဝေးကွင်းမှာ ဟက်ထရစ် ၂ကြိမ်ရရှိခဲ့တာပါ။
Pyae Phyo Thein

ဟာဇီစီဟာ တစ်ရာသီအတွင်းမှာပဲ အဝေးကွင်းမှာ ဟက်ထရစ်နှစ်ကြိမ်ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းသစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ 


လိုင်လီအသင်းရဲ့ ကစားသမားယူဆွတ်ဟာဇီစီဟာ အေစီမီလန်နဲ့အဝေးကွင်းပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ယူရိုပါလိဂ်ပြိုင်ပွဲသမိုင်းမှာ စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဟာဇီစီဟာ တစ်ရာသီအတွင်းမှာပဲ အဝေးကွင်းမှာ ဟက်ထရစ်နှစ်ကြိမ်ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းသစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

စပါတာပရပ်ဂ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်အဖွင့်ပွဲမှာလည်း ဟက်ထရစ်သွင်းယူခဲ့တဲ့ ဟာဇီစီဟာ ဆန်စီရိုမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းကို ယူရိုပါလိဂ်သမိုင်းမှာ ဘယ်ကစားသမားကမှ စွမ်းဆောင်နိုင်ခြင်းမရှိသေးဘဲ ဟာဇီစီက ပထမဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး စံချိန်သစ်တစ်ခုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၃နှစ်အရွယ် တူရကီကစားသမားဟာ လိုင်လီကို ပြီးခဲ့တဲ့ရာသီကမှ ရောက်ရှိလာခဲ့ပြီး အဓိကကစားသမားအဖြစ် အချိန်တိုအတွင်းရောက်ရှိခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံပွဲပေါင်း ၃၀ ကျော်ကစားခဲ့ပြီး တစ်ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာ ၁၀ ပွဲကစားပြီးချိန်မှာပဲ ၇ ဂိုးအထိ ရရှိခဲ့ကာ တောက်ပနေခဲ့တာဖြစ်ပါတယ်။ 

အေစီမီလန်နဲ့ပွဲမှာလည်း ဟာဇီစီရဲ့ ဂိုးသွင်းယူခဲ့ပုံတွေက တော်တော်လေးကောင်းမွန်သေသပ်ခဲ့ပြီး အဆုံးသတ်တိကျမှု၊ ဆုံးဖြတ်ချက်မှန်ကန်မှုတွေကို တွေ့မြင်ခဲ့ရပါတယ်။ လက်ရှိခြေစွမ်းကိုသာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို သေချာပေါက်ရရှိမှာဖြစ်ပြီး လာမယ့်ရာသီတွေမှာ ထိပ်တန်းအသင်းတစ်သင်းမှာ သူ့ကို မြင်တွေ့ရဖွယ်လည်းရှိနေပါတယ်။ 


Author


က္က