သူ့ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီးပြောဆိုခဲ့တာပါ။
Pyae Phyo Thein

အဲဗက်စ်ကတော့ ဘာစီလိုနာမှာ ကစားခဲ့စဉ် ညာတောင်ပံတလျှောက် မက်ဆီနဲ့ ချိတ်ဆက်ကစားခဲ့ပြီး အခုအခါမှာ ဒက်စ်ကလည်း အလားတူပုံစံမျိုးကို ရော်နယ်ကိုးမန်းလက်အောက်မှာ ကစားပေးနေရတာဖြစ်ပါတယ်။


ဘာစီလိုနာအသင်းရဲ့ နောက်ခံလူဟောင်းဒန်နီအဲဗက်စ်ဟာ နူးကမ့်ကို အသစ်ပြောင်းရွှေ့ရောက်ရှိခဲ့တဲ့ နောက်ခံလူသစ် ဆာဂျင်နိုဒက်စ်ကို ရိုးရှင်းတဲ့အကြံဉာဏ်ပေးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ အမေရိကန်လက်ရွေးစင်ကစားသမားအနေနဲ့ ဘောလုံးကို မက်ဆီဆီရောက်အောင် ပို့ပေးရုံပဲလို့ အဲဗက်စ်က ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 

အဲဗက်စ်ကတော့ ဘာစီလိုနာမှာ ကစားခဲ့စဉ် ညာတောင်ပံတလျှောက် မက်ဆီနဲ့ ချိတ်ဆက်ကစားခဲ့ပြီး အခုအခါမှာ ဒက်စ်ကလည်း အလားတူပုံစံမျိုးကို ရော်နယ်ကိုးမန်းလက်အောက်မှာ ကစားပေးနေရတာဖြစ်ပါတယ်။ အေဂျက်ဇ်နောက်ခံလူဟောင်းဟာ လက်ရှိအချိန်ထိ ဘာစီလိုနာအတွက် သွင်းဂိုးပါဝင်ပတ်သက်မှုလုံးဝမရှိသေးပေမယ့် ခံစစ်ပိုင်းစွမ်းရည်ကိုတော့ ပြသထားနိုင်ခဲ့ပါတယ်။ 

နူးကမ့်မှာ ဂိုးဖန်တီးမှုပေါင်း ၁၀၁ ကြိမ်အထိ ပြုလုပ်ပေးခဲ့တဲ့ အဲဗက်စ်က "တကယ်လို့ ဒက်စ်ကိုသာ ကျွန်တော်အကြံပေးရမယ်ဆိုရင် အဲဒါက အရမ်းရိုးရှင်းပါတယ်၊ မက်ဆီဆီ ဘောလုံးရောက်အောင်ပေးရုံပါပဲ၊ ဒက်စ်က အရည်အသွေးအများကြီးရှိပြီး ဘာစီလိုနာမှာ အောင်မြင်မယ့်အခွင့်အရေးလည်းရှိပါတယ်" လို့ အဲဗက်စ်က RAC 1 ကို ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း ဒက်စ်က "အဲဗက်စ်က ကျွန်တော့်ရဲ့ စံပြကစားသမားပါ၊ သူက ကျွန်တော်ကစားတဲ့နေရာမှာပဲ ကစားခဲ့ပြီး သူ့ရဲ့ ကစားပုံတွေကို Youtube ကနေ ကျွန်တော်အများကြီးကြည့်ခဲ့ဖူးပါတယ်၊ ပြီးတော့ အများကြီးသင်ယူခဲ့ပါတယ်" လို့ ပြောဆိုခဲ့ဖူးပြီး အကြံဉာဏ်တောင်းလို့ရရင် တောင်းဆိုချင်တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ 

အဲဗက်စ်ကတော့ မက်ဆီနဲ့ အတွဲညီညီချိတ်ဆက်ကစားခဲ့ကာ ဘာစီလိုနာမှာ အောင်မြင်ကျော်ကြားခဲ့သူဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သူ့အတွေ့ကြုံတွေကို အခြေခံပြီး ဘာလုပ်ရမလဲဆိုတာ ဒက်စ်ကို အကြံပေးသွားခဲ့တာဖြစ်ပါတယ်။ 


Author


က္က