ဘာသာစကားပြောဆိုမှုနဲ့ ပတ်သက်ပြီး အပြောခံခဲ့ရတာပါ။

အသက် ၃၅ နှစ်အရွယ်ပေါ်တူဂီတိုက်စစ်မှူးဟာ ရီးရဲလ််မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းမှာ အရာအားလုံးအဆင်ပြေနေခဲ့ပါတယ်။


ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုကတော့ ကလပ်အသင်းဖော်တွေကို လေးစားမှုမရှိဘူးလို့ စွပ်စွဲပြောဆိုခံလိုက်ရပြီဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အတွက် နှစ်အနည်းငယ်ကစားပေးခဲ့ဖူးတဲ့ ပက်စကွယ်လ်ဘရူနိုက ဝေဖန်ပြောဆိုခဲ့တာဖြစ်ပြီး ရော်နယ်ဒိုရဲ့ ခြေစွမ်းထက် ဘာသာစကားအသုံးပြုတဲ့အပေါ်မှာ အဓိကထားပြောဆိုခဲ့တာပါ။ 



အသက် ၃၅ နှစ်အရွယ်ပေါ်တူဂီတိုက်စစ်မှူးဟာ ရီးရဲလ််မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းမှာ အရာအားလုံးအဆင်ပြေနေခဲ့ပါတယ်။ ဂျူဗီအတွက်ကစားပေးခဲ့တဲ့ ပွဲပေါင်း ၉၃ ပွဲမှာ ဂိုးပေါင်း ၇၀ အထိ ရယူထားနိုင်ခဲ့ပြီး အသင်းရဲ့ ထိပ်တန်းတိုက်စစ်မှူးအဖြစ် ပြီးခဲ့တဲ့ နှစ်ရာသီလုံးမှာ ရပ်တည်နိုင်ခဲ့ကာ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း တစ်ကြိမ်ရယူနိုင်ခဲ့ပါတယ်။ 

ဘရူနိုက Tiki Taka တီဗွီအစီအစဉ်မှာ " ရော်နယ်ဒိုက တော်တော်လေးကို ပေါ့တီးပေါ့ဆနိုင်တဲ့သူပါ၊ အီတလီကို သူရောက်နေတာ ၂နှစ်ရှိနေပြီ၊ အခုအချိန်ထိ သူ အီတလီဘာသာစကားကို ပြောဆိုဖို့မသင်ယူသေးပါဘူး၊ သူ့အကြောင်းကို ပြောပြဖို့အတွက် စပိန်စကားကိုပဲ အသုံးပြုနေတာပါ၊ အသင်းဖော်တွေရော၊ အီတလီလူမျိုးတွေကိုပါ ဒါ လေးစားမှုကင်းမဲ့တာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီးနောက် အသင်းအတွက်ပြန်လည်ကစားပေးခဲ့တဲ့ ပထမဆုံးပွဲမှာပဲ ရော်နယ်ဒိုက ခြေစွမ်းပြဂိုးတွေသွင်းယူပေးခဲ့ကာ သူကစားတဲ့ပွဲတွေမှာ ဂျူဗီက နိုင်ပွဲရော၊ သွင်းဂိုးတွေပါ ပိုမိုရယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဖန်တီးပေးမှုပြုလုပ်ပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ကြံကြံဖန်ဖန်အပြစ်ရှာ ပြောဆိုခံခဲ့ရတာဖြစ်ပါတယ်။




က္က