အသင်းဖော်ဟောင်းကို ပွဲကြမ်းခဲ့တာပါ။
Pyae Phyo Thein

စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အသက် ၃၄ နှစ်အရွယ် ခံစစ်မှူးကြီးဟာ သူတို့အသင်းဂိုးဧရိယာအတွင်းမှာ ဟာကီမီက ပယ်နယ်တီရဖို့ လှဲချခဲ့တဲ့အပေါ် ဒေါသထွက်ခဲ့တယ်လို့ ဆိုပါတယ်။ 


ရီးရဲလ်မက်ဒရစ်က အင်တာမီလန်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်အသင်းခေါင်းဆောင်ရာမို့စ်ဟာ အသင်းဖော်ဟောင်း ဟာကီမီကို ဆဲရေးတိုင်းထွာမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အသက် ၃၄ နှစ်အရွယ် ခံစစ်မှူးကြီးဟာ သူတို့အသင်းဂိုးဧရိယာအတွင်းမှာ ဟာကီမီက ပယ်နယ်တီရဖို့ လှဲချခဲ့တဲ့အပေါ် ဒေါသထွက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဟာကီမီကတော့ ဒီရာသီကမှ အင်တာမီလန်ကို ငါးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။ Movistar က ထွက်ပေါ်လာခဲ့တဲ့ အသံဖိုင်ပါရုပ်သံမှာ ရာမို့စ်ရဲ့ ဆဲရေးမှုကို ပီပီပြင်ပြင်ကြားသိရတယ်လို့ ဆိုပါတယ်။ စပိန်သတင်းဌာနကဖော်ပြခဲ့ရာမှာတော့ ရာမို့စ်က "ခွေးမသား ထစမ်း၊ ထစမ်း၊ ကြွက်တစ်ကောင်လို လူးလိမ့်မနေနဲ့" လို့ ပြောဆိုကာ ဟာကီမီကို ဆွဲထူမခဲ့တယ်လို့ သိရပါတယ်။ 

မော်ရိုကိုလက်ရွေးစင်ဟာကီမာကတော့ ၂၀၀၆ ခုနှစ်မှာ ရီးရဲလ်အကယ်ဒမီကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းကြီးမှာ ကစားခွင့်ရဖို့အတွက်တော့ မလွယ်ကူတာကြောင့် ဒေါ့မွန်ကို အငှားထွက်ကစားခဲ့ရပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီနောက်မှာ ရီးရဲလ်က သူတို့ကစားသမားကို ပြန်လည်ခေါ်ယူခဲ့ပြီး အင်တာမီလန်ကို ရောင်းချသွားခဲ့တာဖြစ်ပါတယ်။ 

ရာမို့စ်ရဲ့ ဆဲဆိုပြီး ထူမမှုကို ခံရခဲ့တဲ့ ဟာကီမီဟာ မကျေမနပ်ပုံစံနဲ့ ပြန်လည်ပြီး တုံ့ပြန်ခဲ့တာကို ရုပ်သံအနှေးပြကွက်တွေအရ တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကွင်းထဲမှာဆိုရင် လူမိုက်ကြီးတစ်ဦးပုံစံဖြစ်နေသလို စီနီယာကစားသမားလည်းဖြစ်နေခဲ့တဲ့ အရှိန်က ဟာကီမီအတွက်တော့ ခံပြင်းစရာကောင်းတဲ့ အနေအထားတစ်ခုဖြစ်ခဲ့ရပါတယ်။ 

အဆိုပါပွဲမှာ ရာမို့စ်က အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး ရီးရဲလ်ကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ကာ အမှတ်တရပွဲစဉ်ဖြစ်ခဲ့ပါတယ်။ 


Author


က္က