ယခုနှစ်ဘောလုံးရာသီကုန်ရင် အသင်းနဲ့စာချုပ်သက်တမ်းပြည့်ပါပြီ။

ဥက္ကဌသစ်အတွက် ဆန်ခါတင်စာရင်းဝင်ထားတဲ့ တိုနီဖရီဇာကတော့ အသင်းအနေနဲ့ ကိုဗစ်ကြောင့် ဆုံးရှုံးခဲ့တာတွေကိုပြန်လည်ကာမိဖို့ မက်ဆီအနေနဲ့ စာချုပ်သက်တမ်းတိုးပါက လစာဖြတ် တောက်ခံရမှာ ဖြစ် တယ်လို့ ကြိုတင် သတိပေးလိုက်တာပါ။

မက်ဆီအနေနဲ့စာချုပ်သက်တမ်းတိုးဖို့ဆိုရင် လက်ရှိ ရနေတဲ့ လစာထဲက အချို့ကို ဖြတ်တောက်ခံရဖို့ ရှိနေတယ် လို့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဆန်ခါတင် စာရင်းဝင် တိုနီဖရီဇာက ထုတ်ဖော်ပြောလာပါတယ်။



မက်ဆီကို ပေးချေနေရတဲ့ လုပ်ခလစာအရ စာချုပ်သက်တမ်းတိုးဖို့ဆိုရင် မဖြစ်နိုင်တော့တဲ့ အနေအထားရှိနေလို့ ယခု အတိုင်းဆိုရင် မက်ဆီကို အသင်းမှာ ဆက်ထိန်းထားဖို့ မဖြစ်နိုင်တော့ဘူးလို့လည်း ၎င်းက ဆိုပါတယ်။

ဘာစီလိုနာက ဘိုင်ယန်ကို ၈-၂နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးက စတင်ပြီး ဘာစီလိုနာကနေ မက်ဆီထွက်ဖို့ သတင်း ပေါ်လာခဲ့ပါတယ်။

အဲ့နောက် အသင်းနဲ့မက်ဆီကြားမှာ စာချုပ်ပါ လျောကြေး ပြဿနာတွေ ကြီးမားခဲ့တဲ့ တရားရင်ဆိုင်ရမယ့် အနေ အထားထိ ဖြစ်ခဲ့ကာ နောက်ဆုံးမှာတော့ စာချုပ်ပါလျော်ကြေးကို ညှိနှိုင်းလို့ အဆင်မပြေခဲ့တာကြောင့် မက်ဆီ အသင်းမှာ ဆက်ရှိနေတာပါ။

လက်ရှိမှာလည်း ဘာစီလိုနာအသင်းက ကိုဗစ်ကာလအတွင်း ဘာစီလိုနာအသင်းဟာ ပေါင်သန်း၇၀၀လောက် ရှုံး နိမ့်ခဲ့လို့ တစ်သင်းလုံးအတွက် ပေးချေနေရတဲ့ လစာငွေတွေထဲက ပေါင် ၁ဘီလီယံလောက် ပြန်လည်လျော့ချနိုင်ဖို့ လုပ် ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ အနာဂတ် ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်လာဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေတဲ့ တိုနီ က မက်ဆီရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရှင်းလင်းဆုံး ဖြစ်အောင် ကြိုတင် ပြောဆိုလာတာပါ။

“လီယိုနဲ့ အေးအေးဆေးဆေး ဆွေးနွေးသွားမှာပါ၊သူအပါအဝင် စာချုပ်သက်တမ်းတိုးမယ့်သူတွေ၊အသစ်ခေါ်မယ့် သူတွေအားလုံးကို ကမ်းလှမ်းသွားမှာပါ။လက်ရှိ အသင်းရဲ့ အခြေအနေအရ မက်ဆီကို ပေးချေနေရတဲ့ လက်ရှိ လုပ်ခဟာ ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။ဒါကြောင့်စာချုပ်သက်ချုပ်ဆိုဖို့ဆိုရင်တော့ မဖြစ်မနေ လစာ ဖြတ်တောက်ဖို့ လုပ်ဆောင်ရမှာပါ။”လို့ တိုနီက EL Curubito သတင်းဌာနကို ဖော်ပြလာပါတယ်။

မက်ဆီအနေနဲ့ကတော့ ဘာစီလိုနာက ထွက်ခွာချင်နေပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး မန်စီးတီးအသင်းကလည်း ခေါ်ယူနိုင်ရေး တစ်ဖက်မှာ ကြိုးပမ်းလျက်ရှိနေပါတယ်။

ဒါကြောင့် ယခုနှစ်ဘောလုံးရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ပြည့်မယ့် မက်ဆီအနေနဲ့ လစာ ဖြတ်တောက်ခံပြီး အသင်းမှာ ဆက်နေမလား အခြားအသင်းတစ်သင်းထံ တူညီတဲ့ လစာ (သို့)ပိုမို မြင့်မား တဲ့ လစာတွေနဲ့ ပြောင်းရွှေ့မလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က