ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုကို ၇၆ မိနစ်မှာ လူစားလဲလှယ်ခဲ့ရပြီး ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ သိရှိရမယ်လို့ ဆိုပါတယ်။


ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးရော်နယ်ဒိုဟာ မနေ့က ကစားခဲ့တဲ့ လာဇီယိုနဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲအဖြစ်ပြီးဆုံးခဲ့ရာမှာ ရော်နယ်ဒိုကို ၇၆ မိနစ်မှာ လူစားလဲလှယ်ခဲ့ရပြီး ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ သိရှိရမယ်လို့ ဆိုပါတယ်။



အဆိုပါပွဲမှာ ရော်နယ်ဒိုက အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဗိုင်းရပ်စ်ပျောက်ကင်းပြီးနောက် ပါဝင်ကစားပေးခဲ့တဲ့ ပွဲတိုင်းမှာ သွင်းဂို ဒါမှမဟုတ် ဖန်တီးမှုတွေကို ပြုလုပ်ပေးနေတဲ့ ရော်နယ်ဒိုဟာ လူးဝစ္စအယ်ဘာတိုနဲ့ ထိခိုက်မိပြီး ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တယ်လို့ ပွဲအပြီးမှာ ဂျူဗီနည်းပြပီယာလိုကလည်း အတည်ပြုခဲ့ပါတယ်။ 

"ရော်နယ်ဒိုက ကျွန်တော်တို့အတွက်တင်မဟုတ်ဘဲ သူ ကစားပေးခဲ့တဲ့ အသင်းတိုင်းမှာ အဓိကကစားသမား၊ အားကိုးရတဲ့ ကစားသမားပါ၊ ကံမကောင်းစွာနဲ့ပဲ သူ ဒဏ်ရာရရှိခဲ့ပြီး ကွင်းထဲကနေ ထွက်ခဲ့ရပါတယ်" လို့ ပီယာလိုက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ဒီပွဲကို သရေကျခဲ့လို့ ဂျူဗီဟာ အမှတ်ပေးဇယားထိပ်ဆုံးက အေစီနဲ့ ၄ မှတ်အကွာမှာ ဆက်လက်ရှိနေခဲ့့ပါတယ်။ 

အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ အသင်းအတွက် ပြန်လည်ကစားပေးခဲ့တဲ့ ပထမဆုံးပွဲမှာ ၂ဂိုးသွင်းယူပေးခဲ့သလို ချန်ပီယံလိဂ်ပွဲမှာလည်း ဂိုးဖန်တီးပေးခဲ့ပါတယ်။ လာဇီယိုနဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့လို့ သုံးပွဲဆက်တိုက် သွင်းဂိုး ဒါမှမဟုတ် ဖန်တီးမှုတွေမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပြီး သူ့ရဲ့ အရည်အသွေးနဲ့ အရေးပါမှုတွေကို ပြသနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က