မက်စ်တဲလားမှာ ၄-၁ နဲ့ အရေးနိမ့်ခဲ့တာပါ။
Pyae Phyo Thein

ရီးရဲလ်မက်ဒရစ်ဟာ ဆိုလာရဲ့ ပယ်နယ်တီ ၃လုံးဟက်ထရစ်သွင်းဂိုး၊ ဗာရာနီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ဂိုးတွေကြောင့် မက်စ်တဲလားမှာ ၄-၁ နဲ့ အရေးနိမ့်ခဲ့တာပါ။


ဗလန်စီယာကို အဝေးကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းက သူ့အသင်းဟာ နည်းစနစ်ပိုင်းအရ ပိုမိုကောင်းခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ ရလဒ်အပေါ်မှာလည်း ဇီဒန်းက တာဝန်ခံမှုတွေ ပြုလုပ်ခဲ့ပြီး ဒီပြသနာကို သူဖြေရှင်းဖို့ ကြိုးစားရမှာဖြစ်တယ်လို့လည်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဆိုလာရဲ့ ပယ်နယ်တီ ၃လုံးဟက်ထရစ်သွင်းဂိုး၊ ဗာရာနီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ဂိုးတွေကြောင့် မက်စ်တဲလားမှာ ၄-၁ နဲ့ အရေးနိမ့်ခဲ့တာပါ။ ဘန်ဇီမာရဲ့ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ခံစစ်ကစားသမားတစ်ဦးချင်းစီရဲ့ အမှားတွေကနေ ဂိုးလေးဂိုးပေးခဲ့ရကာ ဇီဒန်းအတွက်တော့ လာလီဂါမှာ အဆိုးရွားဆုံးရှုံးပွဲဖြစ်လာခဲ့ပါတယ်။ 

"ပယ်နယ်တီသုံးလုံး၊ ကိုယ့်ဂိုးကိုယ်သွင်းတာတစ်ကြိမ်နဲ့ တော်တော်လေးတော့ များလွန်းပါတယ်၊ ဒီအမှားအယွင်းတွေက စိတ်ထဲမှာရှိနေပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်က နည်းပြတစ်ဦးဖြစ်ပြီး ဒီပြသနာကို ဖြေရှင်းရမှာပါ၊ ဖြစ်ခဲ့တာတွေကို ကျွန်တော်အကောင်းဆုံးမလုပ်နိုင်ခဲ့ဘူး၊ ဆိုးရွားတဲ့နေ့တစ်နေ့ပါပဲ၊ ဆင်ခြေပေးစရာလည်းမရှိပါဘူး၊ ခံစစ်ပိုင်းက သေချာပေါက်ကို တိုးတက်ဖို့လိုနေပါပြီ"

"ဗလန်စီယာက နည်းစနစ်ပိုင်းအရ ပိုကောင်းခဲ့တယ်လို့လည်း ကျွန်တော်မထင်ဘူး၊ တစ်ခုတည်းသောအရာကတော့ ကျွန်တော်တို့အစကောင်းခဲ့ပြီး ဂိုးရပြီးနောက် အရာရာပြောင်းလဲသွားခဲ့တာပါပဲ" လို့ ဇီဒန်းက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်ခံစစ်ပိုင်းဟာ တော်တော်လေးအမှားများခဲ့ပြီး ဗာရာနီက ပြိုင်ပွဲစုံငါးပွဲကစားခဲ့ရာမှာ ကိုယ့်ဂိုးကိုယ် ၂ကြိမ်အထိ သွင်းယူထားခဲ့ပြီးဖြစ်ပါတယ်။ 


Author


က္က