ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ရတာပါ။

ဘာစီလိုနာအသင်းဟာ အားထားရတဲ့လူငယ်တိုက်စစ်မှူးအန်ဆူဖာတီကို လေးလကြာလက်လွှတ်ရတော့မှာဖြစ်ပါတယ်။ ဘက်တစ်နဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တဲ့ ဖာတီဟာ ခွဲစိတ်မှုခံယူခဲ့ရပြီး အောင်မြင်ခဲ့ပေမယ့်လည်း အနည်းဆုံးလေးလအထိ အနားယူရတော့မယ်လို့ ဘာစီလိုနာအသင်းက တရားဝင်သတင်းထုတ်ပြန်သွားခဲ့ပြီဖြစ်ပါတယ်။ 



ဒီရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၅ ဂိုးသွင်းယူပေးထားတဲ့ အသက် ၁၈နှစ်အရွယ် တိုက်စစ်မှူးကို လက်လွှတ်ခဲ့ရမယ်ဆိုရင် နည်းပြရော်နယ်ကိုးမန်းအတွက် တိုက်စစ်ပိုင်းပြသနာတွေရှိလာနိုင်ပါတယ်။ မက်ဆီတစ်ဦးတည်းကိုသာ အားကိုးရတော့မှာဖြစ်ပြီး ကော်တင်ဟိုနဲ့ ဂရစ်မန်းတို့က ပုံမှန်ဂိုးသွင်းခြေမရှိတာကြောင့် တိုက်စစ်အားနည်းမှုတွေရှိလာနိုင်ပါတယ်။ 

"ပထမအသင်းကြီးရဲ့ ကစားသမားအန်ဆူဖာတီရဲ့ ခွဲစိတ်ကုသမှုက အောင်မြင်ခဲ့ပါတယ်၊ ဒေါက်တာရေမွန်ကူဂတ် နဲ့ အသင်းဆေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ၊ ခန့်မှန်းချေအားဖြင့်တော့ သူ ၄ လလောက်အနားယူရမှာပါ၊ ဘက်တစ်နဲ့ကစားခဲ့တဲ့ ပထမပိုင်းမှာ သူ ဒဏ်ရာရခဲ့တာစြဖ်ပြီး ဒီရာသီမှာ သူက ပြိုင်ပွဲစုံ ၁၀ ပွဲကစားပေးထားပြီး ၅၉၆ မိနစ်အထိ ပါဝင်ပေးခဲ့သလို သွင်းဂိုး ၅ ဂိုးနဲ့ ၂ကြိမ်ဖန်တီးပေးထားသူပါ" လို့ ဘာစီလိုနာက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖာတီဟာ မက်ဆီပြီးရင် ဘာစီလိုနာအတွက် ဂိုးအများဆုံးသွင်းယူပေးထားသူဖြစ်ပြီး ရီးရဲလ်နဲ့ အယ်လ်ကလက်စီကိုပွဲမှာ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။ အနားယူရမယ့်ကာလဟာ ၄ လဆိုပေမယ့် အဆိုပါကာလထက် ပိုမိုများပြားနိုင်တယ်လို့လည်း Goal.com က ဖော်ပြခဲ့ပြီး စပိန်လက်ရွေးစင်အသင်းရဲ့ နို်င်ငံတကာပွဲစဉ်တွေကိုပါ လွဲချော်တော့မှာလည်းဖြစ်ပါတယ်။ 

ဘာစီလိုနာရဲ့ အကြီးမားဆုံးအနာဂတ်လို့ ရည်ညွှန်းခံနေရတဲ့ ဖာတီဟာ အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ရှိနေပေမယ့် ကလပ်အသင်းဘက်က နောက်ထပ်စာချုပ်သစ်ချုပ်ဆိုဖို့ကို ကြိုးစားနေတယ်လို့ သိရပြီး မက်ဆီနည်းတူ အသင်းမှာပဲ ကစားသမားဘဝကို အချိန်တော်တော်ကြာဖြတ်သန်းသွားစေနိုင်ဖို့ ရည်ရွယ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က