အိုက်စလန်ကို အိမ်ကွင်းလက်ခံ ကစားရမယ့်ပွဲစဥ်ကို ကြားကွင်းမှာ ကစားရမယ့် အနေအထားမှာ ရှိနေပါတယ်။

ဒိန်းမတ်ကနေ လာတဲ့ ယူကေမဟုတ်သူတွေကို ယူကေ အစိုးရ ပြည်ဝင်ခွင့်ပိတ်ထားလို့ ယခုလည်း နေးရှင်းလိဂ် ပြိုင်ပွဲမှာ အိုက်စလန်အသင်းက ဒိန်းမတ်နှင့်ကစားပြီးမှ အင်္ဂလန်နှင့်ကစားရမယ့်အပေါ် လာရောက် ကစားခွင့်မရှိ မယ့် အခြေအနေဖြစ်နေတာပါ။

အင်္ဂလန်အသင်းဟာ လာမယ့် နိုဝင်ဘာ ၁၈ရက်နေ့မှာ အိုက်စလန်အသင်းကို အိမ်ကွင်း ဧည့်ခံပြီး နေးရှင်းလိဂ် ပွဲစဥ်ကို ကစားရဖို့ ရှိနေပါတယ်။



ဒါပေမယ့်လည်း ယူကေ အစိုးရက ဒိန်းမတ်က လာမယ့် ယူကေမဟုတ်တဲ့သူတွေကို ပြည်ဝင်ခွင့်ပိတ်ထားတာ ကြောင့် အိုက်စလန်အသင်းဟာ အင်္ဂလန်ကို လာကစားဖို့ အခက်တွေ့နေရတာပါ။

အကြောင်းကတော့ အိုက်စလန်အသင်းဟာ အင်္ဂလန်နဲ့ မကစားခင် ၃ရက်အလိုက်မှာ ဒိန်းမတ်အသင်းနဲ့ ဒိန်းမတ် နိုင်ငံ ကိုပင်ဟေဂင်မှာ ကစားပြီးမှ အင်္ဂလန်နဲ့ လာကစားမှာ ဖြစ်ပါတယ်။

တကယ်လို့ ယူကေ အစိုးရက အင်္ဂလန်အသင်းကို အိမ်ကွင်းကစားဖို့ ခွင့်မပြုဘူးဆိုရင်တော့ ကြားကွင်းအဖြစ် အယ်လ်ဘေးနီးယားနိုင်ငံမှာ ကစားဖို့အတွက်လည်း ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ BBC SPORTသတင်းဌာနက ဖော်ပြလာပါတယ်။

ဒိန်းမတ်နိုင်ငံက အဝင်ကို ယူကေအစိုးရက လက်မခံရတာကတော့ ဒိန်းမတ်နိုင်ငံမှာ ဖျံကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး အသစ်ဟာ လူတွေထံ ပျံ့နှံ့နေတာကြောင့်လို့လည်း သိရပါတယ်။

ဒါကြောင့် လက်ရှိ ယူကေ အစိုးရအနေနဲ့ အိမ်ကွင်း အသုံးပြုခွင့် မပေးပါက ယူအီးအက်ဖ်အေရဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်များအရ ကြားကွင်းမှာ ကစားခွင့်ရှိနေတာပါ။

လက်ရှိမှာတော့ အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်ပြိုင်ပွဲမှာ လိဂ်(က)အုပ်စု(၂)မှာ ဘယ်လ်ဂျီယံ၊ဒိန်းမတ်၊အိုက်စ လန်အသင်းတို့နှင့်အတူ ကျရောက်နေပြီး ၄ပွဲကစား ၂ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံး ၇မှတ်ရရှိပြီး အုပ်စုတွင်း အဆင့် ၃မှာ ရပ်တည်နေပါတယ်။

Share

Loading Next Article...
က္က