ဂရစ်မန်းရဲ့ အကြံပေးဟောင်းက ဝေဖန်ပြောဆိုသွားခဲ့တာပါ။
Pyae Phyo Thein

မက်ဆီဟာ ကွင်းပြင်ပမှာလည်း မကောင်းတဲ့သြဇာလွှမ်းမိုးမှုတွေရယူနေတယ်လို့ သူက စွပ်စွဲပြောဆိုခဲပါတယ်။ 


အန်တိုနီယိုဂရစ်မန်းရဲ့ အကြံပေးပုဂ္ဂိုလ်ဟောင်းတစ်ဦးဖြစ်တဲ့ အဲရစ်အိုလ်ဟတ်က မက်ဆီရဲ့ ပြင်သစ်တိုက်စစ်မှူးအပေါ် ထားရှိတဲ့ စိတ်သဘောထားဟာ တော်တော်လေးစိတ်ပျက်ဖွယ်ရာကောင်းတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ မက်ဆီဟာ ကွင်းပြင်ပမှာလည်း မကောင်းတဲ့သြဇာလွှမ်းမိုးမှုတွေရယူနေတယ်လို့ သူက စွပ်စွဲပြောဆိုခဲပါတယ်။ 

ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဂရစ်မန်းဟာ ၂၀၁၉ မှာ အက်သလက်တီကိုကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဂရစ်မန်းကို ခေါ်ယူဖို့အတွက် ဘာစီလိုနာဟာ တော်တော်လေးအချိန်ပေးကြိုးစားခဲ့ရပြီး ငွေကြေးအားဖြင့်လည်း များပြားတဲ့ ပမာဏကို အက်သလက်တီကိုမက်ဒရစ်ဆီ ပေးချေခဲ့ရပါတယ်။ 

ဒါပေမယ့်လည်း ဂရစ်မန်းကတော့ ဘာစီလိုနာမှာ ခြေစွမး်ပြနိုင်ဖို့ ကြိုးစားခဲ့ရပြီး မက်ဆီရဲ့ ဖော်ရွေမှုကိုမရခဲ့ဘူးလို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ France Football ကို အိုလ်ဟတ်က ပြောဆိုခဲ့ရာမှာတော့ "အန်တိုနီက နေရာတိုင်းမှာ မက်ဆီရဲ့ အမြင်အာရုံရှိနေပြီး ရုန်းကန်နေရတဲ့ အသင်းတစ်သင်းကို ရောက်ခဲ့တာပါ၊ မက်ဆီက အဲဒီမှာ အင်ပါယာတည်ထောင်ထားပြီး ဧကရာဇ်တစ်ပါးလိုဖြစ်နေတာပါ"

"ဂရစ်မန်းရောက်လာတာကို သူ အကောင်းမြင်စိတ်မရှိခဲ့ပါဘူး၊ သူ့ရဲ့ အပြုအမူနဲ့ စိတ်နေစိတ်ထားက တကယ်ကိုစိတ်ပျက်စရာပါ၊ ဂရစ်မန်းကို စိတ်ပျက်အောင် သူက ပြုလုပ်ခဲ့တာပါ၊ မက်ဆီနဲ့ ဘာပြသနာမှမရှိဘူးလို့ ဂရစ်မန်းက အမြဲတမ်းပြောနေတာပါ၊ ဒါပေမယ့် ဒီလိုပြောဖို့ကလွဲပြီး ကျန်တာဘာမှလည်းမရှိပါဘူး၊ ကျွန်တော့်အမြင်မှာတော့ မက်ဆီက သူက ဆုံးဖြတ်ချက်ချပေးရတဲ့ ကစားသမားတစ်ဦးရဲ့ ကဏ္ဍမှာရှိတယ်လို့ မြင်စေချင်နေပုံပါပဲ"

"အသင်းကိုရောက်လာတာ၊ ထွက်ခွာသွားတာ၊ ဆက်ရှိနေတဲ့ အပိုင်းတွေမှာပေါ့၊ သူက ကွင်းတွင်းမှာတော့ တကယ်ကောင်းမွန်ပါတယ်၊ ဒါပေမယ့် ကွင်းပြင်ပမှာတော့ ဆိုးရွားနေပါတယ်၊ ဘာစီလိုနာမှာ ကင်ဆာစွဲကပ်နေတာပါ၊ တချို့အရာတွေမရှိတော့တာကိုကြည့်ရင် ထင်ရှားပါတယ်" လို့ ပြောခဲ့ပါတယ်။ ဂရစ်မန်းကတော့ ဘာစီလိုနာကိုရောက်ရှိချိန်ကစပြီး လက်ရှိအချိန်ထိ သွင်းဂိုး ၁၅ ဂိုးသာ ရရှိထားခဲ့ပါတယ်။ 


Author


က္က