၁၇ နှစ်အရွယ်မှာပဲ လက်ရွေးစင်အသင်းကြီးအတွက် ခေါ်ယူခံခဲ့ရပါတယ်။
Pyae Phyo Thein

ဒေါ့မွန်အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၁ဝပွဲအထိ ကစားပေးထားရပြီးဖြစ်ကာ သွင်းဂိုးတစ်ဂိုး ရယူထားနိုင်ခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမားအတွက်တော့ ဂုဏ်ယူဖွယ်ရာရွေးချယ်ခံရမှုလည်းဖြစ်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကို ငြင်းပယ်ပြီး ဒေါ့မွန်ကို ရွေးချယ်ကာ ပြောင်းရွှေ့သွားခဲ့တဲ့ ဘီလင်ဟမ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးရဲ့ ပထမဆုံးအကြိမ်ခေါ်ယူခြင်းကို ခံခဲ့ရပြီဖြစ်ပါတယ်။ ဒေါ့မွန်အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၁ဝပွဲအထိ ကစားပေးထားရပြီးဖြစ်ကာ သွင်းဂိုးတစ်ဂိုး ရယူထားနိုင်ခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမားအတွက်တော့ ဂုဏ်ယူဖွယ်ရာရွေးချယ်ခံရမှုလည်းဖြစ်ခဲ့ပါတယ်။ 

အသက် ၁၇ နှစ်သာရှိသေးတဲ့ ဘီလင်ဟမ်ဟာ ၀ိန်းရွန်နီ၊ သီယိုဝဲလ်ကော့တို့လိုမျိုး အသက် ၁၇ နှစ်ပြည့်ခါနီးအချိန်လေးမှာ ရွေးချယ်ခံခဲ့ရမှုကို လိုက်မီခဲ့တာလည်းဖြစ်ပါတယ်။ အင်္ဂလန်ယူ-၂၁ အသင်းအတွက် ပါဝင်ကစားပေးပြီးဖြစ်နေတဲ့ ဘီလင်ဟမ်အတွက် စီနီယာအသင်းကြီးကို တက်လှမ်းနို်င်ခဲ့ပြီး ဒေ့ါမွန်အသင်းဖော်ဆန်ချိုနဲ့အတူ ထပ်မံတွဲဖက်ရဦးမှာလည်းဖြစ်ပါတယ်။ 

အင်္ဂလန်ကတော့ လာမယ့်ကြာသပတေးနေ့မှာ အိုင်ယာလန်နဲ့ ကစားသွားရမှာဖြစ်ပြီး အဲဒီနောက် တနင်္ဂနွေနေ့မှာ ဘယ်လ်ဂျီယံနဲ့ အိုက်စလန်တို့နဲ့ ထပ်မံကစားသွားရမှာဖြစ်ပါတယ်။ အိုင်ယာလန်နဲ့ပွဲကိုသာ ဘီလင်ဟမ်ပါဝင်ကစားပေးနိုင်ခဲ့မယ်ဆိုရင်တော့ အင်္ဂလန်လက်ရွေးစင်သမိုင်းမှာ တတိယမြောက်အသက်အငယ်ဆုံးပွဲထွက်ခွင့်ရရှိသူအဖြစ် မှတ်တမ်းဝင်တော့မှာဖြစ်ပါတယ်။

ဘာမင်ဂမ်အသင်းအတွက် ခြေစွမ်းပြခဲ့ပြီး ဒေါ့မွန်ကိုပြောင်းရွှေ့ခဲ့တဲ့နောက်မှာ သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၂ ကို အနားပေးခဲ့တဲ့အထိ ဘာမင်ဂမ်အသင်းဘက်က ဂုဏ်ပြုခဲ့ပါသေးတယ်။ တနင်္လာနေ့ကတော့ အင်္ဂလန်အသင်းရဲ့ စိန့်ဂျော့ပတ်ခ်လေ့ကျင့်ရေးကွင်းကို ချီဝဲလ်၊ ဒီယာ၊ ဟယ်ရီကိန်း၊ ကိုင်လီဝေါ်ကာ၊ ဂျိုးဂိုမက်ဇ်၊ ဂျော်ဒန်ဟန်ဒါဆန်နဲ့ စတာလင်တို့ ရောက်ရှိခဲ့ကြတယ်လို့လည်း Sky Sports က ဖော်ပြခဲ့ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ


Author


က္က