ပြိုင်ပွဲစုံ ၁၀ပွဲမှာ ၆ဂိုး သွင်းထားနိုင်ပါတယ်။
Kyaw Ko Ko Sint

ပြိုင်ပွဲစုံ ၁၀ပွဲကစားထားချိန် ၆ဂိုးရထားပေမယ့် ၅ဂိုးက ပင်နယ်တီက သွင်းယူထားတာ ဖြစ်ပေမယ့်လည်း မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ပုံစံမှာ ရှိနေဆဲလို့ နည်းပြ ကိုးလ်မန်းက ချီးကျူးလိုက်တာပါ။

လီယွန်နယ်မက်ဆီဟာ ကမ္ဘာမှာ အကောင်းဆုံး ကစားသမားအဖြစ် ဆက်လက် သက်သေပြထားနိုင်သလို ဘာစီ လိုနာအသင်းကိုလည်း ပိုကောင်းအောင် ပံ့ပိုးပေးထားနိုင်ဆဲ ဖြစ်တယ်လို့ နည်းပြဖြစ်သူ ရော်နယ်ကိုးလ်မန်းက ထုတ်ဖော်ပြောလာပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ ဘက်တစ်ကို ၅-၂နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမား အဖြစ် ၂၀၁၉ စက်တင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးတွေ သွင်းပေးခဲ့ပါ တယ်။

အဲ့ဒီပွဲမှာ မက်ဆီက ပင်နယ်တီကတစ်ဂိုး အပါအဝင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အဆိုပါ ပွဲမတိုင်မီ လာလီဂါ ၆ပွဲ မှာတော့ ပင်နယ်တီသွင်းဂိုးတွေကလွဲလို့ တစ်ဂိုးမှ လွတ်လွတ်ကျွတ်ကျွတ်ဂိုးသွင်းယူထားနိုင်ခြင်း မရှိသူပါ။

ဒါကြောင့်လည်း မက်ဆီကို ပင်နယ်တီသွင်းဂိုးသီးသန့် ဝယ်ထားသလားဆိုပြီးတော့ နောက်ပြောင်မှုတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

“မက်ဆီက ကျွန်တော့်ကို အနိုင်ရချင်တဲ့ လူသားတစ်ဦးအဖြစ်ရော၊အကောင်းဆုံးပုံစံကို ထိန်းထားနိုင်ဆဲဆိုတာကို ရောပြသခဲ့ပါတယ်။အခုချိန်မှာကလပ်အသင်းနဲ့လည်း ပြဿနာတွေ ရှိနေသည့်တိုင်အောင် ဒီလို လုပ်ပြနိုင်တာ မထူးဆန်းပါဘူး။”လို့ ကိုးလ်မန်းက ဆိုပါတယ်။

မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ယခုနှစ် အစောပိုင်းက ပြောခဲ့ပြီး အသင်းနဲ့လည်း ထိပ်တိုက် ရင်ဆိုင်ရမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မထိ ပြေလည်သွားတာမဟုတ်ပဲ အခြေအနေတွေက တင်းမာနေဆဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ အသင်းရဲ့ ဥက္ကဌ ဘာတိုမြူ နုတ်ထွက်သွားခြင်းကလည်း မက်ဆီ အသင်းက ထွက်ခွာနိုင်ဖို့ လမ်းစ တစ်ခုအဖြစ် ရှိနေပါတယ်။

ယခုနှစ်မှာတော့ မက်ဆီဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲကစားပေးထားရာမှာ ၆ဂိုးသွင်းယူပေးထားနိုင်ပြီ ဆိုပေမယ့် ၅ဂိုးက ပင်နယ်တီက သွင်းယူထားတာ ဖြစ်ပြီး တစ်ဂိုးသာ ပွဲကစားရင်း သွင်းယူထားနိုင်တာပါ။

မက်ဆီရဲ့ ဘာစီလိုနာအသင်းကတော့ လာမယ့် နိုဝင်ဘာ ၂၂ရက်နေ့မှာ အက်သလက်တီကိုအသင်းနဲ့ အဝေးကွင်း ကစားရမှာဖို့ရှိနေပြီး ပြီးရင်တော့ အိုဆာဆူနာအသင်းနဲ့ ဆက်လက် ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က