ဒီရှက်ရွံ့ဖွယ်ဖြစ်ရပ်အတွက်ည်း ပြန်လည်တောင်းပန်ခဲ့ပါတယ်။
Pyae Phyo Thein

ဇင်းနစ်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဒီဇူဘားရဲ့ဖြစ်ရပ်ဟာ ရုရှနာမည်ကျော်ရုပ်သံလိုင်းတွေမှာပါ တင်ဆက်မှုအဖြစ် ပါဝင်ခဲ့ပြီး တစ်နိုင်ငံလုံးဟိုးဟိုးကျော်ခဲ့ရပါတယ်။


ရုရှလက်ရွေးစင်အသင်းခေါင်းဆောင်ဒီဇူဘားဟာ သူ့ရဲ့အိပ်ယာထက်မှာ တစ်ကိုယ်တော်ပွဲကြမ်းခဲ့တဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပြိးနောက် လက်ရွေးစင်အသင်းကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ ဇင်းနစ်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဒီဇူဘားရဲ့ဖြစ်ရပ်ဟာ ရုရှနာမည်ကျော်ရုပ်သံလိုင်းတွေမှာပါ တင်ဆက်မှုအဖြစ် ပါဝင်ခဲ့ပြီး တစ်နိုင်ငံလုံးဟိုးဟိုးကျော်ခဲ့ရပါတယ်။

အိပ်ယာထက်မှာလဲလျောင်းပြီး ကင်မရာဘက် မျက်နှာမူကာ စိတ်အားတက်ကြွမှုအပြည့်နဲ့ တကိုယ်ရည်အာသာဖြေနေတဲ့ ဗီဒီယိုဖိုင်ဟာ သူ့ရဲ့ဖုန်းကို ဟက်ခံရမှုကနေ ပေါက်ကြားခဲ့တာလို့ RT သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ရုရှပြည်တွင်းထိပ်သီးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Russia-1 ကလည်း သူတို့ရဲ့နေ့ခင်းပိုင်းအစီအစဉ်တင်ဆက်တဲ့အချိန်မှာ အဆိုပါအဖြစ်အပျက်ကို ထည့်သွင်းထုတ်လွှင့်ခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူနှစ်ဦးရဲ့ နောက်မှာ ကြီးမားတဲ့ Screen ကြီးထားရှိခဲ့ကာ အဆိုပါ Screen ပေါ်မှာတော့ ဒီဇူဘားရဲ့ မဖွယ်မရာပြုလုပ်နေတဲ့ ရုပ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ စနေနေ့ညက ဖြစ်ပျက်ခဲ့တာလို့ သိရပြီး ဒီအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ဒီဇူဘားဟာ ဇင်းနစ်အသင်းနဲ့ ခရက်နိုဒေါ်အသင်းပွဲစဉ်မှာ ပွဲထွက်ခွင့်မရခဲ့ဘဲ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ကစားခဲ့ရပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဇင်းနစ်က ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး လူစားဝင်ကစားသမားအဖြစ်နဲ့ ဒီဇူဘားပါဝင်ခဲ့ပြိး ပယ်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ ဒီလိုလွဲချော်ခဲ့မှုကို သူ့ရဲ့အာသာဖြေမှုနဲ့အတူ ပရိသတ်တွေက တွဲဖက်လှောင်ပြောင်ခဲ့ကြပြီး ဒီဇူဘားကတော့ သူ့ရဲ့လုပ်ရပ်အတွက် တောင်းပန်စကားဆိုခဲ့ပါတယ်။

အသက် ၃၂နှစ်အရွယ် ရုရှတိုက်စစ်မှူးက "ကျွန်တော်တို့အားလုံးက ဒုစရိုက်မှုတွေကို လုပ်လေ့ရှိသူတွေပါ၊ ဒီအဖြစ်အပျက်အတွက် ကိုယ့်ကိုကိုယ်အပြစ်တင်မှုကလွဲပြီး ဘာမှမရှိပါဘူး၊ ကျနော့်အမှားအတွက် တောင်းပန်ပါတယ်၊ အားပေးထောက်ခံမှုလုပ်ပေးခဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ဗီဒီယိုဖိုင်နဲ့ ဆိုခဲ့ပါတယ်။ ဒီဇူဘားကတော့ ၂၀၁၈ ရုရှကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်အသင်းကို ဦးဆောင်ပြီး ကွာတားဖိုင်နယ်ပို့ဆောင်ပေးခဲ့ကာ နိုင်ငံတွင်း နာမည်ကျော်ကစားသမားတစ်ဦးဖြစ်ပါတယ်။ 


Author


က္က