အန်ဒိုရာနဲ့ပွဲမှာ ဂိုးရပြီးနောက် ၁၀၂ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးကြီးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပွဲတိုင်းလိုလိုမှာ သွင်းဂိုးတွေကို တိုက်ရိုက်ပါဝင်ပတ်သက်နေတာလည်းဖြစ်ပါတယ်။


ပေါ်တူဂီက အန်ဒိုရာကို ၇-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ လူစားဝင်လာခဲ့ပြီးနောက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲတဲ့့ ရော်နယ်ဒိုဟာ နို်င်ငံတကာသွင်းဂိုး ၁၀၂ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အီရန်တိုက်စစ်မှူးအလီဒါယီရဲ့ နိုင်ငံတကာသွင်းဂိုး ၁၀၉ ဂိုးစံချိန်ကို လိုက်မီဖို့ ရော်နယ်ဒိုက ၇ ဂိုးသာ လိုအပ်ပါတော့တယ်။ 



ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ လာဇီယိုနဲ့ပွဲမှာ ကလပ်အသင်းဂျူဗီအတွက် ပါဝင်ကစားပေးပြီး ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပေမယ့်လည်း လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြဖာနန်ဒိုဆန်းတို့စ်ကလည်း ရော်နယ်ဒိုကို ပွဲချိန်ပြည့်အသုံးမပြုခဲ့ဘဲ ဒုတိယပိုင်းမှသာ လူစားထည့်သွင်းခဲ့ပြီး ရော်နယ်ဒိုက ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 


ဥရောပမှာ နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားတဲ့ ရော်နယ်ဒိုက အလီဒါယီရဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ ရည်မှန်းထားပေမယ့်လည်း လက်ရှိအနေအထားအရတော့ ဒီနှစ်အတွင်းမှာ ဖြစ်နိုင်ဖွယ်ရာနည်းပါးနေပြီဖြစ်ပါတယ်။ လာမယ့်ပွဲတွေမှာ ပေါ်တူဂီက ပြင်သစ်၊ ခရိုအေးရှားတို့နဲ့ ကစားရမှာဖြစ်ပြီး အဲဒီနောက်မှာ နောက်နှစ်မှသာ နိုင်ငံပွဲတွေ ပြန်လည်စတင်မှာဖြစ်ပါတယ်။ 

ပြင်သစ်၊ ခရိုအေးရှားတို့နဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုက ၇ ဂိုးအထိ သွင်းယူနိုင်ဖို့ဆိုတာ ဖြစ်နိုင်ချေမရှိသလောက်ဖြစ်တာကြောင့်လည်း လာမယ့်နှစ်မှသာ သူ့အတွက် စံချိန်သစ်ရယူနိုင်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးကြီးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပွဲတိုင်းလိုလိုမှာ သွင်းဂိုးတွေကို တိုက်ရိုက်ပါဝင်ပတ်သက်နေတာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အတွက်လည်း ကိုယ်တိုင်ဂိုးသွင်း၊ ဖန်တီးမှုတွေကို ပြုလုပ်ပေးထားခဲ့သလို လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးတဲ့ ပထမဆုံးပွဲမှာလည်း ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က