စပိန်နဲ့ပွဲမှာ လှပတဲ့ကန်သွင်းချက်နဲ့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
Pyae Phyo Thein

အေဂျက်ဇ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြိးနောက် ပုံမှန်ကစားခွင့်မရဘဲ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ဗန်ဒီဘိခ်က ရှိနေခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲထွက်ကစားခွင့်ဆုံးရှုံးနေပေမယ့်လည်း ကွင်းလယ်လူဗန်ဒီဘိခ်ကတော့ နယ်သာလန်အသင်းအတွက် ခြေစွမ်းပြနေပါတယ်။ မနေ့က ကစားခဲ့တဲ့ စပိန်နဲ့ ခြေစမ်းပွဲမှာ အသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့သလို ချေပဂိုးလည်း သွင်းယူပေးခဲ့ပြီးနောက် သူ့ကိုပစ်ပယ်နေတာမှားယွင်းနေတယ်လို့ ဗန်ဒီဘိခ်က သက်သေပြခဲ့ပါတယ်။ 

အေဂျက်ဇ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြိးနောက် ပုံမှန်ကစားခွင့်မရဘဲ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ဗန်ဒီဘိခ်က ရှိနေခဲ့တာဖြစ်ပါတယ်။ စပိန်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဟော်လန်ကြယ်ပွင့်အတွက် ယူနိုက်တက်မှာ ပွဲထွက်ကစားခွင့်ရဖို့ ပိုမိုမျှော်လင့်လာနိုင်တော့မယ်လို့လည်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

စပိန်အတွက် ကာနာလက်စ်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ဗန်ဒီဘိခ်က မြေမကျကန်သွင်းချက်နဲ့ ပြန်လည်ချေပပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီခြေစမ်းပွဲကတော့ ယူနိုက်တက်အတွက် အကျိုးကျေးဇူးရှိခဲ့ပြီး ဗန်ဒီဘိခ်ရဲ့ သွင်းဂိုးကြောင့် ဆိုးလ်ရှားအတွက်လည်း ကွငး်လယ်ပိုင်းမှာ ရွေးချယ်စရာပိုမိုများပြားလာတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက်မန်စီးတီးအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး နောက်ခံလူနသန်အကီဟာ ဒဏ်ရာကြောင့် ပွဲစပြီး ၆ မိနစ်အကြာမှာပဲ လူစားလဲလှယ်ခံခဲ့ရပါတယ်။ ဗဟို်ခံစစ်ပြသနာကို ကြီးကြီးမားမားရင်ဆိုင်ခဲ့ရလို့ အကီကို အားကိုးတကြီးနဲ့ ခေါ်ယူခဲ့တဲ့ ဂွာဒီယိုလာအတွက်လည်း သူ့ခံစစ်မှူးရဲ့ သတင်းက သတင်းဆိုးဖြစ်လာခဲ့ရပါတယ်။ 


Author


က္က