ပါရာဂွေး၊ ပီရူးတို့နဲ့ ကစားရဖို့ ရှိနေပါတယ်။
Pyae Phyo Thein

မနက်ဖြန်မနက်ပိုင်းမှာ ကစားရမယ့် ပါရာဂွေးနဲ့ပွဲအတွက် မက်ဆီ မပါဝင်နိုင်ဘူးလို့ သံသယဖြစ်ဖွယ်ရှိနေခဲ့ပြီး ခြေကျင်းဝတ်ဒဏ်ရာရရှိထားတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။


အသေးစားဒဏ်ရာရရှိနေပေမယ့် မက်ဆီဟာ အာဂျင်တီးနားအတွက် ကစားပေးနိုင်လိမ့်မယ်လို့ နည်းပြစကာလိုနီက ပြောဆိုလိုက်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် အာဂျင်တိးနားဟာ ပါရာဂွေး၊ ပီရူးတို့နဲ့ ကစားသွားရဖို့ ရှိနေပြီး မက်ဆီ ပါဝင်နိုင်မယ်လို့ စကာလိုနီက အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။ 

မနက်ဖြန်မနက်ပိုင်းမှာ ကစားရမယ့် ပါရာဂွေးနဲ့ပွဲအတွက် မက်ဆီ မပါဝင်နိုင်ဘူးလို့ သံသယဖြစ်ဖွယ်ရှိနေခဲ့ပြီး ခြေကျင်းဝတ်ဒဏ်ရာရရှိထားတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။ မက်ဆီဟာ ဘက်တစ်နဲ့ပွဲမှာ လူစားဝင်ကစားပေးခဲ့ပြီး နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး အာဂျင်တီးနားအတွက်တော့ အားတက်စရာဖြစ်ခဲ့ရပါတယ်။ 

"မက်ဆီက ကျွန်တော်တို့နဲ့ ပုံမှန်အတိုင်းလေ့ကျင့်နေခဲ့ပါတယ်၊ ခြေကျင်းဝတ်ဒဏ်ရာကြောင့် နေသားမကျတဲ့ အတွေ့အကြုံမျိုး သူ့မှာရှိပါတယ်၊ ဒါပေမယ့် ဒါက သူ မကစားနိုင်လောက်တဲ့အထိ မဟုတ်ပါဘူး၊ ဒါကြောင့် သူ ကျွန်တော်တို့အတွက် ကစားပေးဖို့ အသင့်ဖြစ်နေပြီး ကြံ့ခိုင်မှုလည်း ပြည့်ဝနေမှာပါ" လို့ မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စကာလိုနီက ပြောဆိုခဲ့ပါတယ်။ 

"ဘာတွေပြောင်းလဲမလဲဆိုတာကိုတော့ မနက်ဖြန်တွေ့ရမှာပေါ့၊ ဒါပေမယ့် သူ အသင်းအတွက် ကစားပေးဖို့က ဦးစားပေးပါပဲ၊ သူ့မှာ ပြသနာနည်းနည်းရှိနေတာ အမှန်ပါပဲ" လို့လည်း စကာလိုနီက ထပ်ပြောခဲ့ပါတယ်။ အာဂျင်တီးနားအသင်းမှာတော့ ဒီမာရီယာလည်း ပြန်လည်ပါဝင်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကိုပါအမေရိကပြိုင်ပွဲပြီးနောက် ပထမဆုံးအကြိမ်ပြန်လည်ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 


Author


က္က