နိုဝင်ဘာလ ၂၃ ရက်နေ့အထိ နောက်ဆုံးထား စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ကစားသမားတစ်ဦးချင်းစီရဲ့ လုပ်ခလစာငွေကို ၃၀% စီလျှော့ချဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ကလပ် နဲ့ ကစားသမားတွေရဲ့ ကို်ယ်စားလှယ်တွေကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။


လုပ်ခလစာလျှော့ချဖို့အတွက် ကစားသမားတွေနဲ့ ဆွေးနွေးခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လုပ်ရပ်ဟာ အောင်မြင်မှုမရခဲ့ဘူးလို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာလမှာ ငွေကြေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ဒေဝါလီပါခံရနိုင်တဲ့ အနေအထားအထိ ရောက်ရှိနေတဲ့ ဘာကာဟာ ယူရို ၁၉၁ သန်းထိ လျှော့ချနိုင်ဖို့ကို ကြိုးစားခဲ့တာဖြစ်ပါတယ်။

ကစားသမားတစ်ဦးချင်းစီရဲ့ လုပ်ခလစာငွေကို ၃၀% စီလျှော့ချဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ကလပ် နဲ့ ကစားသမားတွေရဲ့ ကို်ယ်စားလှယ်တွေကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တစ်စုံတစ်ရာသဘောတူညီမှုမရဘဲ ဆွေးနွေးမှုတွေက မနေ့က အပြီးသတ်သွားခဲ့တယ်လို့ စပိန်သတင်းဌာန Sport က ဖော်ပြခဲ့ပါတယ်။ 

"တော်တော်လေးအကြိတ်အနယ်ရှိတဲ့ ဆွေးနွေးမှုတွေကို ရက်အနည်းငယ်ကြာအောင် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တစ်စုံတစ်ရာသဘောတူညီမှုမရရှိဘဲ ဆွေးနွေးမှုတွေကို အဆုံးသတ်ခဲ့ကြပါတယ်" လို့ ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့တဲ့ စာထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့အထိကို နောက်ဆုံးထားပြီး သဘောတူညီမှုရ၊ မရကို စောင့်ဆိုင်းသွားမယ်လို့လည်း သိရပြီး ပြောင်းလဲမှုတွေ ရှိလာနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဘာစီလိုနာကတော့ ဥရောပမှာ လုပ်ခလစာငွေအများဆုံးပေးချေရတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး မက်ဆီက လစာအများဆုံးရ ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ 

ဘာစီလိုနာအတွက်တော့ ကစားသမားတွေနဲ့ သဘောတူညီမှုမရရှိခဲ့တာဟာ စိတ်ပျက်ဖွယ်ရာလည်းဖြစ်ခဲ့ရသလို အသင်းရဲ့ ရပ်တည်နိုင်မှုအတွက်လည်း စိုးရိမ်စရာကောင်းလာခဲ့ပါတယ်။ ဝင်ငွေအရပ်ရပ်မရှိသလောက်ဖြစ်နေပေမယ့်လည်း လုပ်ခလစာတွေကို ပုံမှန်အတိုင်း ပေးချေနေရမယ့် အနေအထားက ရေရှည်မှာ အသင်းကို ပိုဆိုးရွားတဲ့အခြေအနေထဲထိ ဆွဲခေါ်သွားနိုင်ဖို့လည်း ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က