ပါရာဂွေးနဲ့ပွဲမှာ အနိုင်ဂိုးလက်လွှတ်ခဲ့ရတာပါ။
Pyae Phyo Thein

မက်ဆီက အာဂျင်တီးနားကို ၃ ပွဲဆက်အနိုင်ရရှိစေမယ့် အနိုင်ဂိုးသွင်းယူခဲ့ပေမယ့်လည်း ဂိုးရဖို့အတွက် ကစားကွက်စတင်ခဲ့ချိန်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ကွင်းလယ်ဒိုင်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။


ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ပါရာဂွေးနဲ့ပွဲမှာ မက်ဆီရဲ့ သွင်းဂိုးပယ်ဖျက်ခံခဲ့ရပြိးနောက် အာဂျင်တီးနားနည်းပြစကာလိုနီက VAR နဲ့ ပတ်သက်ပြီးမေးခွန်းထုတ်သွားခဲ့ပါတယ်။ အာဂျင်တီးနားဟာ ပါရာဂွေးကို နောက်ကလိုက်ကစားခဲ့ရပြီး ချေပဂိုးပြန်ရခဲ့ပေမယ့် အနိုင်ဂိုးမသွင်းနိုင်ခဲ့တာကြောင့် သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

မက်ဆီက အာဂျင်တီးနားကို ၃ ပွဲဆက်အနိုင်ရရှိစေမယ့် အနိုင်ဂိုးသွင်းယူခဲ့ပေမယ့်လည်း ဂိုးရဖို့အတွက် ကစားကွက်စတင်ခဲ့ချိန်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ကွင်းလယ်ဒိုင်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ VAR နဲ့ ပြန်လည်သုံးသပ်ခဲ့တာဖြစ်ပြီး မက်ဆီအတွက်လည်း သွင်းဂိုးငြင်းပယ်ခံခဲ့ရသလို အာဂျင်တီးနားလည်း အနိုင် ၃ မှတ်လက်လွှတ်ခဲ့ရပါတယ်။ 

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ စကာလိုနီက "VAR ရဲ့ ပြသနာကို တနည်းနည်းနဲ့ အဖြေရှာရတော့မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒီစနစ်က ကောင်းလားမကောင်းလား ကျွန်တော်မပြောဘူး၊ ဒါပေမယ့် ညီညွှတ်မျှတတဲ့ စံသတ်မှတ်ချက်တော့ ရှိရမှာပါ" လို့ ပြောဆိုခဲ့ပြီး သူ့အသင်းအနိုင်ဂိုးလက်လွှတ်ခဲ့ရတဲ့အပေါ် တုံ့ပြန်ခဲ့ပါတယ်။ 


အာဂျင်တီးနားဟာ ပွဲအစအထလေးနေခဲ့ပြီး ဦးဆောင်ဂိုးပေးခဲ့ရပြီးမှ ပြန်လည်စိုးမိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဘောလုံးပိုင်ဆို်င်မှုအသာ၊ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ တိုက်စစ်ဆင်နိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေးမရသလောက်ဖြစ်ခဲ့ပြီး မက်ဆီရဲ့ အလွတ်တည်ကန်ဘောကန်သွင်းချက် တိုင်ထိထွက်ခဲ့မှုတစ်ကြိမ်သာ ဂိုးရဖို့နီးစပ်ခဲ့ပါတယ်။ 


Author


က္က