အန့်ဝပ်နဲ့ပွဲကို အချိန်မီ မရောက်လာနိုင်ခဲ့လို့ ဖြစ်ပါတယ်။
Kyaw Ko Ko Sint

တော်ဝင်အန့်ဝပ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဥ်တုန်းက သတ်မှတ်ပွဲကစားချိန်အမီ စပါးအသင်းကို ရောက် ရှိအောင် မခေါ်ဆောင်လာနိုင်တဲ့အတွက် မော်ရင်ဟိုကို ဥရောပဘောလုံးအဖွဲ့ချုပ်က အခုလို တစ်ပွဲပယ် ပြစ်ဒဏ် သတ်မှတ်ခဲ့တာပါ။

စပယ်ရှယ်ဝမ်းလို့ ဘောလုံးလောကမှာ တင်စားခေါ်ဝေါ်ကြတဲ့ လက်ရှိ စပါးအသင်းရဲ့ နည်းပြကြီး မော်ရင်ဟိုဆို ရင် လူတိုင်း သိကြမှာပါ။

မော်ရင်ဟိုလို့ဆိုလိုက်တာနဲ့ ထစ်ခနဲဆို စိတ်ကြီးတဲ့သူ၊ဒိုင်တွေကို မဟုတ်တာတွေ့ရင် ငြိမ်ခံနေလေ့မရှိပဲ စောဒဂ တက်လေ့ရှိသူ၊သတင်းစာရှင်းလင်းပွဲတွေမှာ သူမတူတဲ့ စိတ်ကစားပွဲတွေ ကစားနိုင်သူလို့ သိကြမှာပါ။

ဒါကြောင့်လည်း သူ့ရဲ့ နည်းပြဘဝမှာ အနီကဒ်သာရှိရင် အနီကဒ်တွေနဲ့ပွဲပယ် ပြစ်ဒဏ်တွေက ရေတွက်လို့တောင် နိုင်မှာ မဟုတ်ပါဘူး။

အခုလည်း ဥရောပဘောလုံးအဖွဲ့ချုပ်က မော်ရင်ဟိုကို ဥရောပပွဲတစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်ပြန်ပါပြီ။

အကြောင်းကတော့ အောက်တိုဘာ ၂၉မှာ တော်ဝင်အန့်ဝပ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဥ်မှာ အသင်းကို သတ်မှတ်ပွဲကစးချိန်အမီ ရောက်ရှိအောင် ဦးဆောင် ခေါ်ဆောင်လာနိုင်ခြင်း မရှိခဲ့တာကြောင့်လို့ သိရပါတယ်။

ပွဲကစားချိန်နောက်ကျစေခဲ့တာကြောင့် အဆိုပါပွဲကို တိုက်ရိုက်ထုတ်လွှင့်မယ့် ရုပ်သံလိုင်းတွေ အခက်တွေ့စေခဲ့ပြီး အခြားသော နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်ပေါ်စေခဲ့တာပါ။

ဒါကြောင့်စပါးအသင်းကို ပွဲနောက်ကျတဲ့အတွက် ယူရို ၂၅၀၀၀ ဒဏ်ရိုက်ခဲ့သလို အသုံးအဆောင်ပစ္စည်းများ ချိုး ဖောက်မှုကြောင့်လည်း နောက်ထပ် ယူရို ၃၀၀၀ ဒဏ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။

နည်းပြမော်ရင်ဟိုကတော့ စပါးအသင်းရဲ့ အဓိက တာဝန်ရှိသူ နည်းပြချုပ်ဖြစ်တဲ့အတွက် ပွဲချိန်နောက်ကျမှုမှာ တာဝန်အရှိဆုံးလို့ သတ်မှတ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်က အခုလို ဥရောပပွဲ တစ်ပွဲပယ် ပြစ်ဒဏ် သတ်မှတ် လိုက်တာပါ။

ဒါကြောင့် မော်ရင်ဟိုဟာ လာမယ့် နိုဝင်ဘာ ၂၇မှာ ကစားမယ့် လူဒိုဂိုရက်ဇ်အသင်းနဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဥ်ကို ကွင်းအတွင်း ဆင်းပြီး တာဝန်ယူခွင့်ရရှိမှာ မဟုတ်ပါဘူး။

စပါးအသင်းအတွက်တော့ အဆိုပါ တော်ဝင်အန့်ဝပ်အသင်းနဲ့အဝေးကွင်း ပွဲစဥ်မှာ ၁-၀နဲ့ အရေးနိမ့်ခဲ့တာကြောင့် ဘောရှုံး၊လူရှုံးဖြစ်ခဲ့ရပြီလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က