ရော်နယ်ဒိုကို တခုတ်တရချီးကျူးသွားခဲ့တာပါ။
Pyae Phyo Thein

အသက် ၃၄ နှစ်အရွယ် ဂျမေကာအပြေးသမားဟာ၂၀၀၉ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအဖြစ် ဘာလင်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့်နဲ့ ပြေးပြီး ကမ္ဘာ့စံချိန်တင်ထားခဲ့သူလည်းဖြစ်ပါတယ်။ 


ကမ္ဘာကျော်တာတိုအပြေးဘုရင်ဖြစ်တဲ့ အူစိန်ဘော့တ်က ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ သူ့ထက်ပိုမိုမြန်ဆန်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ အိုလံပစ်ချန်ပီယံအဖြစ် ၈ ကြိမ်တိုင်တိုင်ရပ်တည်နိုင်ခဲ့တဲ့ အူစိန်ဘော့တ်က ပေါ်တူဂီကြယ်ပွင့်ကို စူပါအားကစားသမားလို့တင်စားခဲ့ပြီး သူ့ထက်မြန်ဆန်တယ်လို့လည်း ယုံကြည်နေပါတယ်။ 

အူစိန်ဘော့တ်ကတော့ ၂၀၁၇ မှာ အပြေးသမားဘဝကနေ အနားယူခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုလံပစ်ရွှေတံဆိပ် ၈ ခုရရှိထားပြီး မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ တာတိုပြေးပွဲတွေရဲ့ ဘုရင်အဖြစ် ရပ်တည်နေဆဲဖြစ်ပြီး အသက် ၃၄ နှစ်အရွယ် ဂျမေကာအပြေးသမားဟာ၂၀၀၉ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအဖြစ် ဘာလင်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့်နဲ့ ပြေးပြီး ကမ္ဘာ့စံချိန်တင်ထားခဲ့သူလည်းဖြစ်ပါတယ်။ 

"သူက (ရော်နယ်ဒို) ကျွန်တော့်ထက် မြန်ဆန်တယ်ဆိုတာ သေချာပါတယ်၊ သူက နေ့တိုင်းအလုပ်လုပ်နေပြီး စူပါအားကစားသမားတစ်ဦးပါ၊ သူ့ရဲ့ ပွဲစဉ်တိုင်းမှာ ထိပ်ဆုံးအဆင့်အမြဲတမ်းရှိပြီး အလုပ်ကို အမြဲတမ်းကြိုးစားတယ်၊ အာရုံအပြည့်အဝစိုက်တတ်သူပါ၊ လက်ရှိအချိန်မှာ သူက ကျွန်တော့်ထက် သေချာပေါက်မြန်ဆန်တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ အူစိန်ဘော့တ်က ပြောခဲ့ပါတယ်။ 

အူစိန်ဘော့တ်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တစ်ဦးဖြစ်ပြီး သူကိုယ်တိုင်လည်း သြစတြေးလျကလပ် စင်ထရန်ကို့စ်မာရင်နာစ်အသင်းမှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရော်နယ်ဒိုကစားခဲ့စဉ်က သူတို့နှစ်ဦးတွေ့ဆုံခဲ့ဖူးပြီး ရော်နယ်ဒိုက ဘောလုံးလောကရဲ့ နာမည်အကျော်ကြားဆုံးကစားသမားဖြစ်ခဲ့သလို အူစိန်ဘော့တ်ကလည်း တာတိုဘုရင်အဖြစ် ကျော်ကြားခဲ့ပါတယ်။ 


Author


က္က