၂၅ ကြိမ်ဆက် ပယ်နယ်တီဂိုးသွင်းယူနိုင်မှု အဆုံးသတ်ခဲ့ရပါတယ်။

၂ ကြိမ်စလုံးကို ဆွစ်ဇာလန်ဂိုးသမားယန်းဆွန်မာက ကာကွယ်နိုင်ခဲ့ပြီး စပိန်တို့ အရေးနိမ့်ရမယ့်အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။


စပိန်အသင်းခေါင်းဆောင်နောက်ခံလူရာမို့ဟာ ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပယ်နယ်တီ ၂ကြိမ်အထိ လွဲချော်ခဲ့ပါတယ်။ ကလပ်နဲ့ နိုင်ငံအသင်းတွေမှာ ပယ်နယ်တီကန်သွင်းယူမယ့်သူအဖြစ် တာဝန်ယူထားတဲ့ ရာမို့စ်ဟာ ပွဲချိန်အတွင်း အခွင့်အရေးကောင်း ၂ကြိမ်ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ကာ သူ့ရဲ့လွဲချော်မှုတွေက စပိန်အတွက် နစ်နာခဲ့ရပါတယ်။ 



ဆွစ်ဇာလန်က ဦးဆောင်ဂိုးရရှိထားခဲ့ပြီးနောက် စပိန်ဟာ ပယ်နယ်တီကန်သွင်းခွင့် ၂ ကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၂ ကြိမ်စလုံးကို ဆွစ်ဇာလန်ဂိုးသမားယန်းဆွန်မာက ကာကွယ်နိုင်ခဲ့ပြီး စပိန်တို့ အရေးနိမ့်ရမယ့်အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ၈၉ မိနစ်မှာ မော်ရီနိုက ချေပဂိုးပြန်သွင်းပေးခဲ့လို့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။

ကလပ်နဲ့နိုင်ငံအတွက် ပယ်နယ်တီကန်သွင်းမှု ၂၅ ကြိမ်ဆက်တိုက် အောင်မြင်ခဲ့တဲ့ ရာမို့စ်ဟာ ဘူဖွန်ရဲ့ ဥရောပပွဲအများဆုံးကစားထားတဲ့ စံချိန်ကို ဒီပွဲမှာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သူ့အတွက် ဂုဏ်ယူဖွယ်ရာမှတ်တမ်းကို ရရှိခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပေမယ့် ပယ်နယ်တီလွဲချော်ခဲ့မှုတွေက စိတ်ပျက်စရာဖြစ်ခဲ့ရပြီး ပယ်နယ်တီကန်ကောင်းမွန်သူဆိုတဲ့ ဂုဏ်ပုဒ်ကလည်း ထိပါးသွားခဲ့ရပါတယ်။ 

စပိန်နည်းပြအင်းနရစ်ကတော့ ပွဲအပြီးမှာ "ရာမို့စ်က ပယ်နယ်တီမှတ်တမ်းကောင်းတွေရှိပြီး ကန်သွင်းယူတာလည်း အရမ်းကောင်းမွန်ပါတယ်၊ နောက်တစ်လုံးသာ ထပ်ရခဲ့မယ်ဆိုရင်လည်း သူ့ကိုပဲ ကန်သွင်းစေမှာပါ၊ နှစ်ကြိမ်လွဲချော်တာနဲ့ သူ့ရဲ့ တာဝန်ကိုပြန်ရုတ်သိမ်းမယ်ဆိုတာက ရယ်ဖို့ကောင်းပါတယ်၊ ကျနော့်ဆီမှာ ပယ်နယ်တီကန်သွင်းရမယ့်သူစာရင်းရှိပြီး ရာမို့စ်က ထိပ်ဆုံးကပါ" လို့ ပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က