ပြင်သစ်က နောက်ဆုံးအဆင့်ကိုတက်ရောက်နိုင်ဖို့ သေချာသလောက်ရှိသွားခဲ့ပါပြီ။
Pyae Phyo Thein

အုပ်စုတွင်းမှာ ပေါ်တူဂီနဲ့ အပြိုင်အဆိုင်ဖြစ်နေတဲ့ ပြင်သစ်က ကွင်းလယ်လူကန်တေရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။


မနေ့ညက ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပေါ်တူဂီကို အနိုင်ရရှိခဲ့ပြီးနောက် ပြင်သစ်ဟာ နေးရှင်းလိဂ်နောက်ဆုံးအဆင့်ပွဲစဉ်တွေကို ကစားခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ အုပ်စုတွင်းမှာ ပေါ်တူဂီနဲ့ အပြိုင်အဆိုင်ဖြစ်နေတဲ့ ပြင်သစ်က ကွင်းလယ်လူကန်တေရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။



ဒီနိုင်ပွဲကြောင့် ပြင်သစ်ဟာ အုပ်စုထိပ်ဆုံးနေရာကိုရရှိခဲ့သလို နောက်တဆင့်တက်ဖို့အတွက်လည်း သေချာခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ရဲ့ အခုလိုမျိုး နောက်တဆင့်တက်ရောက်ဖို့ သေချာသလောက်ရှိခဲ့မှုက နေးရှင်းလိဂ်လက်ရှိချန်ပီယံပေါ်တူဂီအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပြီး သူတို့အတွက်တော့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ရတော့မှာဖြစ်ပါတယ်။ 

ဒါကြောင့် နေးရှင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံအသစ်ထွက်ပေါ်လာတော့မှာဖြစ်ပြီး ဘယ်အသင်းဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။ ပုံစံပြောင်းလဲကာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲအသစ်မှာ ပေါ်တူဂီက ပထမဆုံးချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ လက်ရှိချန်ပီယံတို့ ဆုဖလားကာကွယ်ခွင့်ကို ဆုံးရှုံးခဲ့ပြီိလို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 


နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ (က) အဆင့်မှာ အုပ်စု (၄) ခု ပါဝင်နေပြီး အုပ်စုတစ်ခုချင်းစီရဲ့ ထိပ်ဆုံးအသင်းတွေက ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ အုပ်စု (၁) မှာတော့ ပိုလန်၊ အီတလီ၊ နယ်သာလန်၊ အုပ်စု (၂) မှာတော့ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ အင်္ဂလန်၊ အုပ်စု (၄) မှာ ဂျာမနီ၊ စပိန်တို့ အပြိုင်ဖြစ်နေပြီး ဘယ်အသင်းတွေတက်ရောက်မလဲဆိုတာက လာမယ့်ရက်ပိုင်းအတွင်း အဖြေပေါ်တော့မှာပဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က