ယခုနှစ်ဘောလုံးရာသီကုန်ရင်တော့ မက်ဆီကို အလွတ်ခေါ်ယူခွင့်ရှိနေတာပါ။

မက်ဆီကို မန်စီးတီးက ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်ကတည်းက ခေါ်ယူဖို့ ကြိုမ်းပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာ ဖြစ်ပြီး အခုတစ်ကြိမ် ထပ်မံခေါ်ယူပါက မက်ဆီလိုချင်နေတဲ့ အချက်၂ချက်ကို အရင်ဆုံး လုပ်ဆောင်ပြထားဖို့ လို နေတာဖြစ်ပါတယ်။

ယခုနှစ် နွေရာသီမှာ အသင်းနဲ့ စာချုပ်ပြည့်ပြီး အလွတ်ထွက်ခွာခွင့်ရှိနေတဲ့ ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီကို မန်စီးတီးအသင်းက ခေါ်ယူဖို့ ပြင်ဆင်ထားပြီးလည်း ဖြစ်ပါတယ်။



ဒါပေမယ့် မန်စီးတီးအနေနဲ့ မက်ဆီကို လိုချင်ပါက မခေါ်ခင် မက်ဆီလိုချင်တဲ့ အရာနှစ်ခုကို ကြိုတင် လုပ်ဆောင် ထားပေးဖို့ လိုတယ်လို့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါကတော့ အခြားမဟုတ်ပဲ ဆရာဟောင်း နည်းပြဂွါဒီယိုလာနဲ့ နိုင်ငံအသင်းဖော် အဂူရိုတို့ နှစ်ဦးကို အသင်းမှာ ဆက်ရှိနေစေရုံပါပဲ။

မက်ဆီဟာ နည်းပြ ဂွါဒီယိုလာနှင့်အတူ ဘာစီလိုနာမှာ ၄နှစ်လက်တွဲခဲ့ဖူးပြီး ချန်ပီယံလိဂ် ၂ကြိမ်နဲ့ လာလီဂါ ၃ကြိမ် ဆွတ်ခူးခဲ့ဖူးကြပါတယ်။

အလားတူ နိုင်ငံအသင်းဖော် အဂူရိုနှင့်လည်း ကောင်းမွန်တဲ့ နားလည်မှုရှိပြီး အပြင်လောကမှာလည်း ရင်းနှီးကြသူ တွေ ဖြစ်ပါတယ်။

ဒီလူနှစ်ယောက်ကို အသင်းမှာ ဆက်ရှိနေစေမယ်ဆိုရင် မန်စီးတီးအနေနဲ့ မက်ဆီကို ခေါ်ဆောင်ရာမှာ အဓိက အား တစ်ခု ဖြစ်လာမယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ကြားက ဆက်ဆံရေးဟာ ရှုပ်ထွေးလွန်းပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစကာ အဆင်မပြေ ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီအပြီးမှာတော့ မက်ဆီဟာ အသင်းက ထွက်ခွာဖို့ တရားဝင် ထုတ်ဖော်ပြောဆိုလာသလို လိုအပ်တဲ့ လုပ်ဆောင်မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပေမယ့် စာချုပ်အရ လွယ်လွယ်ကူကူ ထွက်ခွာဖို့ မဖြစ်နိုင်ခဲ့ တာကြောင့် အခုလို အသင်းမှာ ဆက်ရှိနေရတာပါ။

စာချုပ်အရ မက်ဆီကို လိုချင်ပါက စာချုပ်ပါလျော်ကြေး ပေါင်သန်း ၆၀၀ ပေးဆောင်ရမှာ ဖြစ်လို့ ဒီအခြေအနေ မှာ မက်ဆီကို မန်စီးတီးအသင်းက မခေါ်ယူနိုင်ခဲ့ပေမယ့် လာမယ့်နွေရာသီမှာတော့ အသင်းနှင့်စာချုပ်ပြည့်မှာ ဖြစ်လို့ အလွတ်ခေါ်ယူခွင့်ရရှိသွားတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က