ဘယ်လ်ဂျီယံကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာပါ။
Kyaw Ko Ko Sint

မနှစ်က ဆီမီးဖိုင်နယ်တက်ပေမယ့်လည်း တတိယနေရာနဲ့သာ ကျေနပ်ခဲ့ရသလို ဒီနှစ်မှာတော့ အုပ်စုအဆင့်ကနေ ပဲ လက်ပြ နှုတ်ဆက်လိုက်ရတာ ဖြစ်ပါတယ်။

၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ပြီးနောက် အင်္ဂလန်အသင်းဟာ အဓိက ပြိုင်ပွဲကြီးတွေမှာ ဆုဖလား ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိတော့ပါဘူး။

အထူးသဖြင့် ကမ္ဘာ့ဖလားနှင့် ဥရောပဖလား ပြိုင်ပွဲတွေမှာ အမြင့်ဆုံးအဆင့်အဖြစ် ဆီမီဖိုင်နယ်လိုအဆင့်မျိုးထိ သာ တက်လှမ်းနိုင်ခဲ့ပါတယ်။

အခုလည်း ၂၀၁၉ခုနှစ်မှာ ပထမဆုံး စတင်ပြုလုပ်ခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဇုန်အလိုက် အုပ်စုအဆင့်ဆင့် ကစားရပြီး ဗိုလ်လုပွဲ ကစားရတဲ့ ပြိုင်ပွဲမှာလည်း ၂နှစ်ဆက်တိုက် ဆုဖလားအခွင့်အရေး မရပေ။

ပထမဆုံးနှစ်မှာ ပေါ်တူဂီအသင်းက နယ်သာလန်အသင်းကို ဗိုလ်လုပွဲမှာ အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့ချိန် အင်္ဂလန်က တော့ တတိယအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ယခုနှစ်မှာတော့ ဇုန်အလိုက် အုပ်စုအဆင့်မှာပဲ အင်္ဂလန် ကျေနပ်လိုက်ရပြီး အကြောင်းကတော့ ဘယ်လ်ဂျီယံ အသင်းကို မနေ့က ၂-၀နဲ့ ရှုံးလိုက်တာဟာ နောက်ဆုံးအဆင့်ကို တက်လှမ်းဖို့ မဖြစ်နိုင်တော့တာပါ။

နေးရှင်းလိဂ်ရ့သဘောသဘာဝကတော့ လိဂ်(က)မှာရှိတဲ့အုပ်စု လေးခုမှ ထိပ်ဆုံး ၄သင်းက ဆီမီးဖိုင်နယ်အဆင့်ကို ဆက်လက်ကစားခွင့်ရပြီး တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲ အသီးသီး ကစားခွင့်ရတာပါ။

လိဂ်(က)ရဲ့ အုပ်စုလေးခုမှာ အောက်ဆုံးအဆင့်ရရှိတဲ့ ၄သင်းကတော့ လိဂ်(ခ)ကို ဆင်းကစားရမှာ ဖြစ်ပြီး လိဂ်(ဂ)၊(ဃ)အဆင့်ဆင့် ဆင်းကစားရမှာ ဖြစ်ပါတယ်။

အလားတူ လိဂ်(ခ)၊(ဂ)နဲ့(ဃ)မှ ထိပ်ဆုံးအသင်းတွေကလည်း အဆင့်ဆင့် တန်းတက်ကစားခွင့်ရမှာ ဖြစ်ပြီး လိဂ်(က)ကအသင်းတွေကတော့ ဆုဖလားအတွက် ပြိုင်ဆိုင်ကြရတာပါ။

ဒါကြောင့် လက်ရှိ အုပ်စုတွင်း ၅ပွဲစီကစားပြီးချိန်မှာ တတိယနေရာမှာ ရမှတ် ၇မှတ်သာရထားတဲ့ အင်္ဂလန်က ၁၂မှတ်နဲ့ထိပ်ဆုံးက ဘယ်လ်ဂျီယံကို ဘယ်လိုမှ မမီနိုင်တော့တာလည်း ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအနေနဲ့ ၁၂မှတ်ရထားတယ်ဆိုပေမယ့် ၁၀မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ ဒိန်းမတ်ကို ကျော်ဖြတ်ဖို့ လိုပါသေးတယ်။

အခြားသော အုပ်စုတွေမှာလည်း ဆီမီးဖိုင်နယ်ကို တက်လှမ်းဖို့ အသင်းတွေ ထွက်ပေါ်လာခြင်းမရှိသေးပဲ အုပ်စု နောက်ဆုံးပွဲကို စောင့်ရပါဦးမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က